ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီY.M.B.Aက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား အျမင့္ဆုံးဂုဏ္ထူးေဆာင္ဘြဲ႕ထပ္မံ ခ်ီးျမႇင့္

YMBAအသင္းႀကီး သည္ ၁၉၀၆ခုႏွစ္ကတည္း က ေပၚေပါက္ လာၿပီး ယေန႔အထိ ႏွစ္ေပါင္း၁၁၄ႏွစ္တိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ ေခတ္စနစ္ ေျပာင္းလဲမႈအဖုံဖုံၾကားတြင္ ႀကံံ့ႀကံ့ ခံၿပီး သက္တမ္းအရွည္ဆုံးေသာအသင္းႀကီးလည္းျဖစ္ေၾကာင္း ၊ အသင္းႀကီးစတင္ကတည္းက အမ်ိဳးဘာသာ သာသ နာ ပညာ ႀကီးပြားျမင့္မားေရးျဖစ္သည့္ မူလခ်မွတ္ခဲ့သည့္ရည္႐ြယ္ခ်က္မ်ားကို ယေန႔ထက္တိုင္မေပ်ာက္ေစဘဲ ေခတ္စနစ္အခ်ိန္ကာလတို႔အေပၚမွာ မူတည္ၿပီး မွန္ကန္စြာေဆာင္႐ြက္လွ်က္ရွိသည္ကို ဝမ္းေျမာက္ဂုဏ္ယူ ဖြယ္ရာ ေတြ႕ရွိရသည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ပတ္သက္ၿပီး “အမ်ိဳးသားေရးစိတ္ဓာတ္လို႔ဆိုလိုက္ရင္ အခ်ိဳ႕က လူမ်ိဳးဆိုသည့္ က်ဥ္းေျမာင္းသည့္အျမင္နဲ႔ ျမင္ေနမႈမ်ားလည္းရွိေနၿပီး ျမန္မာႏိုင္ငံသားအားလုံးျမန္မာစိတ္ေမြးၿပီး အမ်ိဳးႏွင့္တိုင္းျပည္ကိုခ်စ္ရမည္၊ ႏိုင္ငံသားအားလုံး၏အက်ိဳး တိုင္းျပည္၏အက်ိဳးကိုသယ္ပိုးႏိုင္ရမည္ကိုဆိုလိုျခင္းျဖစ္ပါတယ္”ဟု ၎ကေျပာၾကားခဲ့သည္။ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး Y.M.B.Aက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္အား Y.M.B.Aအသင္း၏ အျမင့္ဆုံးဂုဏ္ထူးေဆာင္ ဘြဲ႕ျဖစ္သည့္ အဂၢမဟာမဂၤလဓမၼေဇာတိက ဓဇဘြဲ႕တံဆိပ္ေတာ္ကို ေဖေဖာ္ဝါရီ၈ နံနက္ပိုင္းက အပ္ႏွင္းခ်ီးျမႇင့္ခဲ့ေၾကာင္းသိရသည္။

အဆိုပါဂုဏ္ထူးေဆာင္ခ်ီးျမႇင့္ျခင္းအခမ္းအနားတြင္ “ကြၽန္ေတာ့ကိုခ်ီးျမႇင့္တဲ့ဗုဒၶဘာသာကလ်ာနယုဝ အသင္း ႀကီးရဲ႕ အျမင့္ဆုံးဘြဲ႕ေတာ္ ျဖစ္တဲ့ အဂၢမဟာမဂၤလေဇာတိကဓဇဘြဲ႕ေတာ္ လက္ခံရယူျခင္းအေပၚမွာ အေလးထားဂုဏ္ယူပါတယ္။ ဒီဘြဲ႕တံဆိပ္ရဲ႕ ဂုဏ္ျဒပ္ရာသက္ ပန္ဂုဏ္ထူးေဆာင္နာယက ဆိုတဲ့တာ ဝန္အ ေပၚမ်ား ထိုက္ထိုက္တန္တန္ေက်ေက်ပြန္ပြန္ေဆာင္႐ြက္သြားမွာျဖစ္သလို ႏိုင္ငံေတာ္ႀကီးရဲ႕ ေကာင္းက်ိဳး အတြက္ အမ်ိဳးဘာသာ၊သာသနာ၊ပညာဆိုတဲ့ Y.M.B.Aအသင္းႀကီးရဲ႕ ေကာင္းမြန္ျမင့္ျမတ္တဲ့ ရည္႐ြယ္ခ်က္မ်ား အေပၚ မွာ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ က်ိဳးပမ္းေဆာင္႐ြက္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ဆုလက္ခံအၿပီး ေျပာၾကားခဲ့သည္။

ကမၻေပၚတြင္ ေခတ္စနစ္မ်ားမည္မွ်ပင္ေျပာင္းလဲသြားေသာ္လည္း အမ်ိဳးသားေရးစိတ္ဓာတ္ကိုလက္ကိုင္ျပဳလွ်က္ ရွိေၾကာင္း အေမရိကန္ ၏ Make American Great Againဆိုသည့္ေႂကြးေၾကာ္သံ၊ ႐ုရွား၏ Great Russiaဆိုသည့္ ေႂကြးေၾကာ္သံ မ်ားက သက္ေသျပလွ်က္ရွိ သည္ဟုဆိုသည္။EUႏိုင္ငံမ်ားအပါအဝင္ ဒီမိုကေရစီႏိုင္ငံအခ်ိဳ႕ပင္ အမ်ိဳးသားေရးစိတ္ဓာတ္ကိုဦးတည္ေနသည္ကို ေတြ႕ျမင္ေန ရေၾကာင္း ႏွင့္ျမန္မာႏိုင္ငံတြင္လည္းအမ်ိဳးသားေရးကိုယ္ခံစြမ္းအားနည္းသူမ်ားမဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉး ႀကီးမင္း ေအာင္လႈိင္က ဂုဏ္ျပဳဆု လက္ခံအၿပီးတြင္ေျပာၾကားခဲ့သည္။

REF:     THE  FIFTH  WAVE  NEWS

UNICODE

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီY.M.B.Aက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ထပ်မံ ချီးမြှင့်

YMBAအသင်းကြီး သည် ၁၉၀၆ခုနှစ်ကတည်း က ပေါ်ပေါက် လာပြီး ယနေ့အထိ နှစ်ပေါင်း၁၁၄နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်စနစ် ပြောင်းလဲမှုအဖုံဖုံကြားတွင် ကြံံ့ကြံ့ ခံပြီး သက်တမ်းအရှည်ဆုံးသောအသင်းကြီးလည်းဖြစ်ကြောင်း ၊ အသင်းကြီးစတင်ကတည်းက အမျိုးဘာသာ သာသ နာ ပညာ ကြီးပွားမြင့်မားရေးဖြစ်သည့် မူလချမှတ်ခဲ့သည့်ရည်ရွယ်ချက်များကို ယနေ့ထက်တိုင်မပျောက်စေဘဲ ခေတ်စနစ်အချိန်ကာလတို့အပေါ်မှာ မူတည်ပြီး မှန်ကန်စွာဆောင်ရွက်လျှက်ရှိသည်ကို ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ကြောင်း သိရသည်။

အမျိုးသားရေးစိတ်ဓာတ်နှင့်ပတ်သက်ပြီး “အမျိုးသားရေးစိတ်ဓာတ်လို့ဆိုလိုက်ရင် အချို့က လူမျိုးဆိုသည့် ကျဉ်းမြောင်းသည့်အမြင်နဲ့ မြင်နေမှုများလည်းရှိနေပြီး မြန်မာနိုင်ငံသားအားလုံးမြန်မာစိတ်မွေးပြီး အမျိုးနှင့်တိုင်းပြည်ကိုချစ်ရမည်၊ နိုင်ငံသားအားလုံး၏အကျိုး တိုင်းပြည်၏အကျိုးကိုသယ်ပိုးနိုင်ရမည်ကိုဆိုလိုခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး Y.M.B.Aက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား Y.M.B.Aအသင်း၏ အမြင့်ဆုံးဂုဏ်ထူးဆောင် ဘွဲ့ဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ကို ဖေဖော်ဝါရီ၈ နံနက်ပိုင်းက အပ်နှင်းချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါဂုဏ်ထူးဆောင်ချီးမြှင့်ခြင်းအခမ်းအနားတွင် “ကျွန်တော့ကိုချီးမြှင့်တဲ့ဗုဒ္ဓဘာသာကလျာနယုဝ အသင်း ကြီးရဲ့ အမြင့်ဆုံးဘွဲ့တော် ဖြစ်တဲ့ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့တော် လက်ခံရယူခြင်းအပေါ်မှာ အလေးထားဂုဏ်ယူပါတယ်။ ဒီဘွဲ့တံဆိပ်ရဲ့ ဂုဏ်ဒြပ်ရာသက် ပန်ဂုဏ်ထူးဆောင်နာယက ဆိုတဲ့တာ ဝန်အ ပေါ်များ ထိုက်ထိုက်တန်တန်ကျေကျေပွန်ပွန်ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီးရဲ့ ကောင်းကျိုး အတွက် အမျိုးဘာသာ၊သာသနာ၊ပညာဆိုတဲ့ Y.M.B.Aအသင်းကြီးရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်များ အပေါ် မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျိုးပမ်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆုလက်ခံအပြီး ပြောကြားခဲ့သည်။

ကမ္ဘပေါ်တွင် ခေတ်စနစ်များမည်မျှပင်ပြောင်းလဲသွားသော်လည်း အမျိုးသားရေးစိတ်ဓာတ်ကိုလက်ကိုင်ပြုလျှက် ရှိကြောင်း အမေရိကန် ၏ Make American Great Againဆိုသည့်ကြွေးကြော်သံ၊ ရုရှား၏ Great Russiaဆိုသည့် ကြွေးကြော်သံ များက သက်သေပြလျှက်ရှိ သည်ဟုဆိုသည်။EUနိုင်ငံများအပါအဝင် ဒီမိုကရေစီနိုင်ငံအချို့ပင် အမျိုးသားရေးစိတ်ဓာတ်ကိုဦးတည်နေသည်ကို တွေ့မြင်နေ ရကြောင်း နှင့်မြန်မာနိုင်ငံတွင်လည်းအမျိုးသားရေးကိုယ်ခံစွမ်းအားနည်းသူများမဟုတ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်း အောင်လှိုင်က ဂုဏ်ပြုဆု လက်ခံအပြီးတွင်ပြောကြားခဲ့သည်။

REF:     THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *