သရုပ်ဆောင် မင်းသမီးချောလေး Alice Ongက လတ်တလောမှာ အသည်းယားစရာ အမူအရာလေးတွေနဲ့ သူ မရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ ချစ်စရာ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။
မင်းသမီးချောလေး Alice Ong ကတော့ ကလေးဆန်တဲ့ ချစ်စရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။
ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိတာကို တွေ့ရပါတယ် ။