အဆိုတော်သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ သူ့ရဲ့ကလေးတွေကို အမြဲလိုလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံလေးတွေ ဗီဒီယိုလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ မနေ့ကလည်းနန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “တနေ့တာအမောတွေပြေပျောက်ကြပါစေနော်။
ဂျူးဂျူးလေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ “နန်းမြတ်နိုးချစ်”ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ သမီးလေးပဲဖြစ်ပါတယ်။ နန်းမြတ်ရဲ့ သားလေးနဲ့ သမီးလေးနှစ်ယောက်စလုံးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးပဲဖြစ်ပါတယ်။
ဗီဒီယိုလေးထဲမှာတော့ ဂျူးဂျူးလေးက တခစ်ခစ်နဲ့ကို သဘောကျစွာရယ်မော်နေခဲ့တာဖြစ်ပြီး နန်းမြတ်က တော့ သမီးလေးရယ်နေတာကို သဘောကျပြီး ဗီဒီယိုလေးရိုက်ကူးကာ မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ နန်းမြတ်ရဲ့ သမီးလေးဂျူးဂျူးရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။