မေႏၲ လးၿမိဳ႕မွလည္ပတ္ၿပီး ျပန္လာ သူ တ႐ုတ္ႏိုင္ငံသားတစ္ဦး ကို႐ို နာ ဗိုင္းရပ္စ္ေရာဂါပိုးေတြ႕ရွိရေၾကာင္း တ႐ုတ္ႏိုင္ငံမွ အတည္ျပဳ

ေ႐ႊလီၿမိဳ႕တြင္ေနထိုင္သူ စာေရးဆရာ ဟိန္းႏိုင္က လက္ရွိ ေ႐ႊလီၿမိဳ႕အတြင္း တစ္ရပ္ကြက္ႏွင့္ တစ္ရပ္ကြက္၊ တစ္အိမ္ႏွင့္တစ္အိမ္ ကူးသန္းသြားလာခြင့္ မျပဳဘဲ မူဆယ္အဝင္တြင္ သြားေရာက္မည့္ေနရာကို ေဖာင္ျဖည့္ကာ သြားလာ ေနရၿပီး အငွားယာဥ္မ်ားကို သြားလာခြင့္ ပိတ္ပင္ထားေၾကာင္း ေျပာဆိုခဲ့သည္။

“အခုေတာ့ သားတစ္ေယာက္တည္း ေ႐ႊလီမွာ အိမ္ေစာင့္ထားခဲ့တယ္။ သူလည္း ဘယ္မွ သြားခြင့္မရေတာ့ WeChat ကပဲ အစားအ ေသာက္ မွာစားေနရတယ္” ဟု ၎က ေျပာသည္။ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ တက္ဟုန္တိုင္းအတြင္းရွိ ၾကယ္ေဂါင္၊ ေ႐ႊလီၿမိဳ႕မ်ား သည္ မူဆယ္ၿမိဳ႕ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ရွီး႐ႊမ္ပန္နား ေခၚ ဆစ္ေဆာင္ပန္နားျပည္နယ္ခြဲမွာ အထူးေဒသ(၂)/(၄) နယ္ေျမမ်ားႏွင့္ ထိစပ္ေနေၾကာင္း သိရသည္။

ယူနန္ျပည္နယ္တြင္ ေဖေဖာ္ဝါရီလ ၇ ရက္၊ မြန္းခြဲ ၁၂ နာရီအထိ ကို႐ိုနာဗိုင္းရပ္စ္ အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားသူ အတည္ျပဳ ၁၃၆ ဦးရွိၿပီး လက္ရွိ အထူးျပင္းထန္ေသာ ေရာဂါသည္ ၁၅ ဦး၊ ျပင္းထန္ေရာဂါသည္ ၁၅ ဦး၊ေဆး႐ုံဆင္းသူ ၁၂ ဦးႏွင့္ ေသဆုံးလူနာမရွိဘဲ သံသယလူနာ ၁၂၂ ဦး ရွိေနကာ ေရာဂါသည္မ်ားႏွင့္ ထိစပ္မႈရွိသူ ၃၁၀၅ ဦးကို ေဆး႐ုံ၌ ၾကည့္ရႈကုသေပးလ်က္ရွိေၾကာင္း တက္ဟုန္ညီ ၫြေရးသတင္းစာ၌ ေဖာ္ျပထားသည္။

တ႐ုန္ႏိုင္ငံ၊ ယူနန္ျပည္နယ္တြင္ မၾကာေသးမီရက္ပိုင္းအတြင္းက မႏၲေလးၿမိဳ႕သို႔ သြားေရာက္လည္ပတ္ၿပီး ျပန္လာသူ တစ္ဦး၌ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုး ျဖစ္ပြားေနေၾကာင္း တ႐ုတ္ႏိုင္ငံမွ အတည္ျပဳၿပီး ကူမင္းေဆး႐ုံ၌ သီးသန႔္ ခြဲျခား ကုသေပးလ်က္ရွိေၾကာင္း တက္ဟုန္ ညီၫြတ္ေရးသတင္းစာ (ျမန္မာ) မွ ေဖေဖာ္ဝါရီလ ၇ ရက္၊ ညေနပိုင္းက ထုတ္ျပန္ခဲ့သည္။

အဆိုပါ ကို႐ိုနာဗိုင္းရပ္စ္ ျပင္းထန္အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားသည္ဟု အတည္ျပဳခံရသူမွာ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိသူ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၀ ရက္တြင္ မႏၲေလးၿမိဳ႕သို႔ အေပ်ာ္ခရီး သြားေရာက္ခဲ့ၿပီး ေနာက္ ကူမင္သို႔အျပန္ ဇန္နဝါရီလ ၂၅ ရက္၌ သီးသန႔္ ေဆးကုသမႈ ခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

REF: SHWE WIKI

UNICODE

မန္တေ လးမြို့မှလည်ပတ်ပြီး ပြန်လာ သူ တရုတ်နိုင်ငံသားတစ်ဦး ကိုရို နာ ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိရကြောင်း တရုတ်နိုင်ငံမှ အတည်ပြု

ရွှေလီမြို့တွင်နေထိုင်သူ စာရေးဆရာ ဟိန်းနိုင်က လက်ရှိ ရွှေလီမြို့အတွင်း တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာခွင့် မပြုဘဲ မူဆယ်အဝင်တွင် သွားရောက်မည့်နေရာကို ဖောင်ဖြည့်ကာ သွားလာ နေရပြီး အငှားယာဉ်များကို သွားလာခွင့် ပိတ်ပင်ထားကြောင်း ပြောဆိုခဲ့သည်။

“အခုတော့ သားတစ်ယောက်တည်း ရွှေလီမှာ အိမ်စောင့်ထားခဲ့တယ်။ သူလည်း ဘယ်မှ သွားခွင့်မရတော့ WeChat ကပဲ အစားအ သောက် မှာစားနေရတယ်” ဟု ၎င်းက ပြောသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်တိုင်းအတွင်းရှိ ကြယ်ဂေါင်၊ ရွှေလီမြို့များ သည် မူဆယ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှီးရွှမ်ပန်နား ခေါ် ဆစ်ဆောင်ပန်နားပြည်နယ်ခွဲမှာ အထူးဒေသ(၂)/(၄) နယ်မြေများနှင့် ထိစပ်နေကြောင်း သိရသည်။

ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းခွဲ ၁၂ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားသူ အတည်ပြု ၁၃၆ ဦးရှိပြီး လက်ရှိ အထူးပြင်းထန်သော ရောဂါသည် ၁၅ ဦး၊ ပြင်းထန်ရောဂါသည် ၁၅ ဦး၊ဆေးရုံဆင်းသူ ၁၂ ဦးနှင့် သေဆုံးလူနာမရှိဘဲ သံသယလူနာ ၁၂၂ ဦး ရှိနေကာ ရောဂါသည်များနှင့် ထိစပ်မှုရှိသူ ၃၁၀၅ ဦးကို ဆေးရုံ၌ ကြည့်ရှုကုသပေးလျက်ရှိကြောင်း တက်ဟုန်ညီ ညွရေးသတင်းစာ၌ ဖော်ပြထားသည်။

တရုန်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးမြို့သို့ သွားရောက်လည်ပတ်ပြီး ပြန်လာသူ တစ်ဦး၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားနေကြောင်း တရုတ်နိုင်ငံမှ အတည်ပြုပြီး ကူမင်းဆေးရုံ၌ သီးသန့် ခွဲခြား ကုသပေးလျက်ရှိကြောင်း တက်ဟုန် ညီညွတ်ရေးသတင်းစာ (မြန်မာ) မှ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားသည်ဟု အတည်ပြုခံရသူမှာ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အသက် ၇၁ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်တွင် မန္တလေးမြို့သို့ အပျော်ခရီး သွားရောက်ခဲ့ပြီး နောက် ကူမင်သို့အပြန် ဇန်နဝါရီလ ၂၅ ရက်၌ သီးသန့် ဆေးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

REF:     SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *