မင်းသမီးချောလေးမေပန်းချီဟာ အရင်က ရိုက်ကူးခဲ့တဲ့ ပုံလေးတွေကို အမှတ်ရစွာနဲ့ ပြန်လည်မျှဝေဖော်ပြပေးလာခဲ့ပါတယ်။ပုံလေးတွေကတော့ သိုးတွေနဲ့ရိုက်ကူးထားခဲ့တဲ့ ပုံတွေဖြစ်ပြီး ပန်းချီကိုယ်တိုင်ရော ပရိ သတ်တွေကပါ အကြီးအကျယ်သဘောကျခဲ့ရတဲ့ပုံလေးတွေပဲဖြစ်ပါတယ်။
မေပန်းချီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပန်းချီကတော့ ရိုးသားပြီး စကားကို ပွင့်လင်းစွာပြောတတ်တာကြောင့် ပရိ သတ်တွေက ပန်းချီရဲ့ အကျင့်ကို အချစ်ပိုနေခဲ့ကြရတာဆိုရင်လည်း မမှားပါဘူးနော်။
ပန်းချီကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးရေးတွေထက် Live Sale ရောင်းချခြင်းနဲ့ ဓာတ်ပုံကြော်ငြာရိုက်ကူးခြင်းတွေကိုပဲ ပိုမိုလုပ်ဆောင်ဖြစ်နေခဲ့ပါတယ်။ဓာတ်ပုံကြော်ငြာရိုက်ကူးတဲ့ပုံတွေကို သူ့ရဲ့လူမှုကွန် ရက်စာမျက်နှာကနေ အမြဲလိုလို ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလေ့ရှိပါတယ်။