မွေးရပ်မြေမှာပြုလုပ်ခဲ့တဲ့ ခင်လွှမ်းရဲ့ မင်္ဂလာနှစ်ပတ်လည် အမှတ်တရပွဲလေး ဆင်နွှဲနေပုံ

Posted on

မော်ဒယ်အကိတ်မလေး ခင်လွှမ်းကတော့ သူတို့စုံတွဲလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် နှစ်ပတ်လည်ပွဲပြုလုပ်ခဲ့တဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ ချစ်သူရည်းစားဘဝကတည်းက လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေက သဘောတူကြတဲ့အထိကို ရရှိခဲ့ပြီး နှစ်ဦးသားရွှေလက်တွဲပြီးချိန်မှာလည်း ပရိသတ်တွေချစ်ခင်ရတဲ့ မိသားစုလေးဖြစ်လာခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင် ဆိုင်ထားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ စည်ဖြိုးနဲ့ခင်လွှမ်းတို့ဟာ သူတို့ရဲ့ (၂)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲလေးကို ခင်လွှမ်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ရွှေတောင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *