





Crd; Pyi Myanmar

UNICODE

အသက် (၁၂) နှစ်အရွယ်ကလေး ကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသား တစ်ဦး ထောင် ဒဏ် (၂၅) နှစ် ကျခံရမည့် အပြင် သင်းကွ ပ်ခြင်းခံရမည်

အသက်(၁၂)နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သူသည် လိင်ဆက်ဆံလိုသူဖြစ်သည့်အပြင် အ ရက်သမား၊ ဘိန်းသမားလည်းဖြစ်သည်၎င်းသည် အဓမ္မပြုကျင့်မှုကြောင့် ထောင် ဒဏ် ၂၅ နှစ်ချမှတ်ခံလိုက်ရသည့်အပြင် ကျားဟော်မုန်းအထွက်နည်းစေပြီး ရာဂ စိတ်ဖိနှိပ်ထားမည့် ဆေးလည်းအထိုးခံရ မည်ဖြစ်ကြောင်း သိရသည်။

၁၂ နှစ်အရွယ်ကလေး ကို အဓမ္မပြုကျင့်ခဲ့သည့်အမျိုးသားကာဇက်စတန်ဥပဒေသစ်အရ သင်းကွပ်ခံရမည်၁၂ နှစ်အရွယ် မိန်းကလေးကို ကျောင်း အိမ်သာထဲတွင် အဓမ္မပြုကျင့် ခဲ့သည့်အမျိုးသားသည် ကာဇက်စတန် ဥပဒေသစ်အရ ဆေးဖြင့်သင်းကွပ်ခံရ တော့မည်ဖြစ်သည်ကလေးသည် ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလတွင် ကျောင်းခန်း အပြင်ဘက်ထွက်ကာ အိမ်သာ ရှိရာဆီ သွားခဲ့သည်။

ကျောင်းနောက်ဘက်ရှိ သန့် စင်ခန်းသို့ရောက်သောအခါ အသက် ၃၈ နှစ်အမျိုးသားက ၎င်းကို ဖမ်းချုပ်ပြီး သား မယားပြုကျင့်တော့သည်။ ထိုလူအမည် မှာ ဗာလီယက်ဖြစ်ပြီး ၎င်းသည် ပြစ်မှု မကျူးလွန်မီတစ်နာရီအလိုကတည်းက ကျောင်းဝင်းထဲရောက်နေခြင်းဖြစ်သည်၎င်းက တစ်နာရီလုံးလုံး ကျောင်းဝင်းထဲ လျှောက်သွားပြီး သားကောင်မိန်းကလေးလိုက်ရှာနေခဲ့သည်။

ကလေးများကြား ၎င်းလျှောက်သွားနေပုံများ စီစီတီဗီတွင် အတိုင်းသား ပေါ်နေသော်လည်း ၎င်းကို မည်သူကမှ ကျောင်းထဲမှ နှင်မထုတ်ခဲ့ပေ။ စီစီတီဗီတွေ တပ်ထားပြီး ဘယ်သူမှ လည်း စောင့်မကြည့်ကြလို့ အခုလိုဖြစ် တာပေါ့] ဟု ဒေသခံပညာရေးအာဏာပိုင် များက ဆိုသည်အထက်ပါကျောင်းမှ ကျောင်းအုပ်လည်း အလုပ်ထုတ်ခံလိုက် ရပြီဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် စီစီ တီဗီကင်မရာများကို စောင့်ကြည့်သူ မရှိခဲ့ ကြောင်း ကျောင်းအာဏာပိုင်အဖွဲ့က စုံ စမ်းစစ်ဆေးရေးမှူးများကို ပြောသည်။ ထိုအမျိုးသားသည် ကလေးများနှင့်သာ လိင်ဆက်ဆံလိုသူဖြစ်ကြောင်း သိရသည်။

Crd; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *