မင်းသမီးချောလေးမိုးယုစံကတော့ ကလေးမေမေတစ်ယောက်ဖြစ်သွားပေမဲ့လည်း ကလေးပဲလုပ်ခွင့်ပြုပါဆိုပြီး ချစ်ဖို့ကောင်းလွန်းလှတဲ့ ပုံလေးတွေကို ဖော်ပြခဲ့ပါတယ်။မိုးယုရဲ့ ချစ်ဖို့ကောင်းလွန်းလှတဲ့ ပုံတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ကလေးအမေလို့လုံးဝမထင်ကြောင်း မှတ်ချက်တွေပါပေးနေခဲ့ကြပါသေးတယ်။
ပရိသတ်ကြီးရေ မိုးယုစံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မိုးယုစံကတော့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ရပ်နားခဲ့ပါတယ်။
လက်ရှိမှာတော့ မိုးယုစံက သားသားလေး(၂)ယောက်ကို မွေးဖွားထားတဲ့ သားနှစ်ယောက်မေမေဖြစ်နေခဲ့ပြီး မိုးယုစံရဲ့ သားလေးနှစ်ယောက်လုံးကလည်း ချစ်ဖို့ကောင်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်နေခဲ့ပါသေးတယ်။