မင်းသမီးချောလေး သီရိရှင်းသန့်က သူတို့ မိသားစုရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း မြင်သူတိုင်း အားကျသွားရလောက်အောင် ကြည်နူးစရာကောင်းတဲ့ မိသားစု ပုံလေးတွေကို ဝေမျှလာရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
အောင်မြင်မှုတွေနဲ့ အနုပညာလမ်းခရီးကို အကောင်းဆုံးလျှောက်လှမ်းခဲ့သူကတော့ မင်းသမီးချောလေး သီရိရှင်းသန့်ပဲ ဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလုပ်ကိုင်လာခဲ့ပြီး သဘာဝကျကျ သရုပ်ဆောင်ထားနိုင်တာကြောင့်လည်း အောင်မြင်မှုတွေရရှိလာခဲ့တာ ဖြစ်ပါတယ်။
သူမကတော့ အပြစ်ဆိုစဖွယ်မရှိတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို လှုပ်ခါသွားအောင် ဖမ်းစားထားနိုင်တဲ့သူပဲဖြစ်ပါတယ်။ အခုဆိုရင် ချစ်ခင်ပွန်းရယ် သားလေးရယ်နဲ့အတူ သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ် ။