ဘီလီယံလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သားဂန်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်တို့ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ ဘီလီယံလေးကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ကလေးလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့ သမီးလေးဖြစ်တဲ့ ဘီလီယံလေးက အသက် (၅)လပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဘေဘီမောင်က တော့ အသက်(၅)လပြည့်မြောက်သွားတဲ့ သမီးလေးရဲ့ ပုံလေးတွေကို မျှဝေရင်း ၅လပြည့်ပြီသမီးလေးရေ။
မေမေရဲ့အသဲတစ်ခြမ်းလေးချစ်တယ်” ဆိုပြီး သမီးလေးကို အရမ်းချစ်ကြောင်း ရေးသားထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဒီနေ့မှာ အသက် (၅)လပြည့်မြောက်သွားတဲ့ ဘီလီယ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။