အဆိုတော်မလေး ပိုပိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ လတ်တလောမှာ ကောင်းမှုတွေကိုပြုလုပ်ပြီး အေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။မနေ့က ဇန်နဝါရီလ (၂၂)ရက်နေ့မှာလည်း ပိုပိုကတော့ မွန်မြတ်လှတဲ့ အဟာရဒါနကောင်းမှုအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။
အလှူလေးပြုလုပ်ဖြစ်ခဲ့ကြောင်းကိုတော့ ပိုပိုက “ဒီနေ့ အလှူမှာ တိုက်ဆိုင်စွာနဲ့ ယောဆရာတော်ကြီးကိုပါ လှူခွင့်ရလိုက်ပါသည်။ ဆရာတော်ကြီးကို ကပ်လှူခွင့်ရတုန်း ပိုပိုက ပါလာတဲ့လိမ္မော်သီးလေးကို ခွာပြီး ကိုယ်တိုင်ဆက်ကပ်လှူဒါန်းပါသည်။ ပို့ ထုံးစံအတိုင်း ဝေယာဝေစ္စဆောင်ရွက်ကြတဲ့ ကပ္ပိယ ၇၀ခန့်ကိုလည်း တစ်ခုခုလှူချင်တယ်ဟုဆိုကာ ၁၆၀,၀၀၀ ကျပ် ကို လှူဒါန်းခဲ့ပါသေးတယ်။
ပိဋကတ် သုံးပုံ အာဂုံဆောင်သံဃာများကို ၆ သိန်းဖိုးတန်ဖိုးရှိသော ကြက်ပေါင်းရည် ငှက်သိုက် များ အားဖြည့်ဆေးများ လှူဒါန်း ကုသိုလ်ယူခဲ့ပါတယ်။၇ရက်သားသမီးများ ကုသိုလ်ဖြစ်လို့ လိုအင်ဆန္ဒများပြည့်ဝကာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။