အဆိုတော်မလေးမေသက်ထားဆွေက ဗလာစာအုပ်(၃၆၀)ဒါဇင်၊ ဘောပင်(၇၂၀)ချောင်း၊အာလူးကြော် (၁၀၀၀)ထုပ် တို့အား ပေးလှူခဲ့ရလို့ ပီတိဖြစ်ရပါတယ်။ ” ဆိုပြီး အလှူလေးပြုလုပ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံရိပ်တွေကို မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။
မေသက်ထားဆွေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ မြန်မာသံသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တာကြောင့် လူကြီးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါ အပြည့်အဝရရှိထားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၀)ရက်နေ့မှာတော့ မေသက်ထားတွေက သူ့ရဲ့မွေးနေ့အတွက် အလှူလေးအနေနဲ့ မွန် မြတ်လှတဲ့ ကောင်းမှုအလှူလေးကိုပြုလုပ်ခဲ့ပါတယ်။