အခုအခါမှာတော့ ထရက်ရှာလေးတို့သားအဖရဲ့ ပုံတွေကိုကြည့်ပြီး မေမေဒီကိုမေးနေကြတဲ့ ပရိသတ်တွေအတွက် မေမေဒီကတော့ ဒီပုံလေးတွေရိုက်ဖို့စီစဉ်သူဖြစ်ကြောင်း”မေမေဒီးက နောက်ကွယ်ကနေ အဲ့လို ရိုက်ပေးရတာစီစဉ်ရတာပျော်တာ အာ့ကြောင့်သူတို့ကိုအမြဲပုံလေးတွေစီစဉ်ရိုက်ပေးဖြစ်တာ မိသားစုပုံလေးတွေလဲလာဦးမယ်နော်” ဆိုပြီး ပြောထားခဲ့ပါတယ်။
ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ ထရက်ရှာလေးကလည်း ချစ်ဖို့ကောင်းလွန်းလှတာကြောင့် ပရိသတ်တွေကအချစ်ပိုနေခဲ့ကြရတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။
မနေ့ကတော့ ထရက်ရှာလေးရဲ့ ဖေဖေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးထရက်ရှာနဲ့အတူရိုက် ကူးထားတဲ့ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဖေချစ်လေးဖြစ်တဲ့ ထရက်ရှာလေးကတော့ သူ့ရဲ့ ဖေဖေနဲ့အတူဆိုရင် အမြဲတမ်းပြုံးပျော်နေခဲ့ပြီး ထရက်ရှာတို့ သားအဖရဲ့ ဒီပုံလေးတွေကတော့ ပရိသတ်တွေ သဘောကျနေခဲ့ကြရပါသေးတယ်။