အခုအခါမှာတော့ Mini Miss တစ်ယောက်ဖြစ်တဲ့ သွန်းမြတ်ကြယ်စင်ကတော့ မေဆွိရဲ့ “အတ္တ”ဆိုတဲ့ သီချင်းလေးကို Cover ပြန်လည်သီဆိုထားခဲ့ပါတယ်။မေဆွိရဲ့ သီချင်းလေးကို Cover ပြန်လည်သီဆိုခဲ့တဲ့ သွန်းမြတ်ကြယ်စင်ရဲ့ ဒီဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
သွန်းမြတ်ကြယ်စင်ကတော့ Mini Miss တစ်ယောက်အနေနဲ့ ပရိသတ်တွေရှေ့ကို စတင်ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပါတယ်။မော်ဒယ်တစ်ယောက်အနေနဲ့ သာမက လက်ရှိမှာဆိုရင်အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။
မကြာသေးခင်ကလည်း သွန်းမြတ်ကြယ်စင်ရဲ့ “ကကြီးလုံးတင် တစ်ချောင်းငင် ကို” ဆိုတဲ့ သီချင်းလေးက ပရိ သတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အထိကို အောင်မြင်မှုတွေရရှိထားခဲ့ပါသေးတယ်။ နောက်ထပ်သီ ချင်းကောင်းတွေလည်း ထပ်မံသီဆိုထားခဲ့ပြီး အရွယ်နဲ့မလိုက်အောင်ကို အောင်မြင်မှုတွေရရှိနေပါတယ်။