မင်းသမီးချောလေး Alice Ongဟာ အမူအရာလေးတွေမျိုးစုံနဲ့ သူမရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ မေမြို့ရောက် ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင် မင်းသမီးချောလေး Alice Ong ကတော့ ချစ်စရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။
ကြွေရုပ်လေးလို့ ထင်မှားရလောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ် ခင်နေရခြင်းလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိပါတယ် ။