အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ မိစန္ဒီရဲ့ ပုံရိပ်များ

Posted on

အဆိုတော်ချောလေး မိစန္ဒီဟာ ကလေးတစ်ယောက်လို ချစ်စရာအမူအရာလေးတွေပေးကာ ရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူ ” ငယ်ငယ်တုန်းကတော့ အရမ်း လူကြီး ဖြစ်ချင်ခဲ့တာ.. အသက်ကြီးလာရင် ကိုယ် လုပ်ချင်တာ လုပ်ရမယ် ဆိုလို့.. အခုတော့ ကလေးပဲ ပြန်ဖြစ်ချင်တော့တယ်.. I’m still not ready to be an adult I guess 🐷😬😬။” ရေးသားဖော်ပြထားပါတယ် ။

ကိုယ်ပိုင်သံစဉ်တွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး မိစန္ဒီကိုပရိသတ်ကြီးချစ်ကြမယ်ထင်ပါတယ်။ အချိန်ခဏလေးတွင်းမှာတင် အောင်မြင်တဲ့မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။

သူရဲ့သီချင်းလေးတွေက လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေးလေးတွေပါ ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲ ဖော်ပြပေးလေ့ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *