သရုပ်ဆောင်မေက သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ဆန်းပြားတဲ့ဖက်ရှင်လေးနဲ့ ရိုးရှင်းတဲ့ အလှတရားတွေ ပေါ်လွင်နေတဲ့ ပုံလေးတွေကို ဝေမျှလာရာ ပုံတိုင်းက အထာကျကျလေး မိမိုက်လွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
မေကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှု အခိုင်အမာ ရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ကော အဆိုပိုင်းမှာပါ ထူးချွန်တဲ့ မေက ဖြူဖွေးပြီး ချစ်စရာကောင်းတာကြောင့် ကြော်ငြာနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
သူမက အနုပညာလှုပ်ရှားမှုအနေနဲ့ ဂီတအလုပ်အပြင် ဓာတ်ပုံရိုက်ကူးမှုတွေလည်း ပြုလုပ်နေပါတယ် ။အသစ်ထွက်ရှိထားတဲ့ သီချင်းလေးတွေက ဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။