ျပင္ပသြားလာသူမ်ား သတိျပဳရန္၊ဝူဟန္ဗိုင္းရ ပ္စ္သည္ ေလထဲ မွတဆင့္ ပ်ံ႕ႏွံ႔ကူး စက္ႏိုင္ေၾကာင္း တ႐ုတ္အတည္ျပဳ

ဗိုင္းရပ္အခ်ိဳ႕မွာ ေလထုမွတဆင့္ ကူးစက္သည္။ (ဥပမာ-အေအးမိႏွာေစးေရာဂါ)။ ဗိုင္းရပ္စ္အခ်ိဳ႕ သည္ လူ႔ဆဲလ္အတြင္း၌သာ ရွင္သန္ႏိုင္ၿပီး သာမန္သဘာ၀ အလင္းေရာင္ထိေတြ႕သည္ႏွင့္ ပ်က္စီးသြားတတ္သည္လည္းရွိသည္။ အခ်ိဳ႕ ဗိုင္းရပ္စ္တို႔မွမူ ပြက္ပြက္ဆူေနေသာ ေရတြင္ မိနစ္ ၂၀ မွ် ေတာက္ေလွ်ာက္ အပူေပးျပဳတ္သည္ကို ခံႏိုင္ရည္ရွိေၾကာင္း ေတြ႕ရသည္။

တိရိစာၦန္အခ်ိဳ႕တြင္ရွိေသာ ဗိုင္းရပ္စ္အခ်ိဳ႕သည္ သက္ဆိုင္ရာတိရိစာၦန္တြင္ မည္သို႔မွ်မျဖစ္ေသာ္လည္း၊ လူကို ကူးစက္သည့္အခါ ေရာဂါ ျဖစ္ေစသည္။ သက္ရွိသတၱဝါတို႔၏ အဂၤါအစိတ္အပိုင္းမ်ားရွိ ရွင္သန္ေနေသာ ဆဲလ္မ်ားတြင္ ေပ်ာ္ေမြ႕ေသာ ဗိုင္းရပ္စ္သည္ အသြင္ ေျပာင္းႏိုင္သည္။

ထို႔ေၾကာင့္ မိမိကိုယ္ခံစြမ္းအား ျမင့္တက္ေနေစရန္ ဂ႐ုစိုက္ပါ။ သတင္းတု ေဆးၿမီးတိုမ်ားကို ေရွာင္က်ဥ္၍ သက္ဆိုင္ရာ က်န္းမာေရး႒ာ န ကြၽမ္းက်င္ပညာရွင္မ်ား၏ ၫႊန္ၾကားခ်က္တို႔ကိုသာ လိုက္နာပါ။ ေၾကာက္မက္ဖြ ယ္ ကို႐ိုနာဗိုင္းရပ္စ္သည္ ေလတြင္ပ်ံ႕ႏွံံ့ေၾကာင္း တ ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕အာဏာပိုင္မ်ားက အတည္ျပဳသည္ ဟု msn news က ယေန႔ေဖာ္ျပသည္။

သတင္းထုတ္ျပန္ခ်က္တြင္ ကို႐ိုနာဗိုင္းရပ္စ္မွာ ေလမွတစ္ဆင့္ ကူးစက္ႏိုင္ေၾကာင္းေဖာ္ျပထားသည္။ ဆိုလိုသည္မွာ ဗိုင္းရပ္စ္ပိုးသည္ ၎၏သက္တမ္းရွိသေလာက္ ေလတြင္ လြင့္ေမ်ာခိုက္ ရႉရႈိက္မိသူတို႔အား ေရာဂါကူးစက္ေစႏိုင္သည္ဆို၏။တ႐ုတ္အစိုးရက ျပည္သူ တို႔အေနျဖင့္ လူအမ်ား ေတြ႕ဆုံျခင္းမ်ိဳးကို ေရွာင္က်ဥ္ၿပီး လူမႈ ေရးလႈပ္ရွားမႈ႕မ်ားကို ရပ္ဆိုင္းၾကရန္ တိုက္တြန္းထားသည္။

ေလတြင္သယ္ေဆာင္၍ ကူးစက္ေစသည္ဆိုျခင္းမွာ ဗိုင္းရပ္စ္ပါဝင္ေသာ အမႈန္အမႊားတို႔သည္ ရႈရႈိက္မိသည့္အခါ (လူမွ လူအခ်င္းခ်င္း) ေရာဂါကူးစက္သည္အထိ ေလတြင္လြင့္ေမ်ာသည္ကို ဆိုလိုေၾကာင္း၊ ထိုအတြက္ ျပည္သူလူထုအေနျဖင့္ ပိုမိုသတိထားႏိုင္ၾကပါရန္ ေျပာလိုေၾကာင္း ရွန္ဟိုင္းၿမိဳ႕ျပေရးရာျဗဴ႐ို လက္ေထာက္ဦးစီး ဇန္ခူး က China Daily သို႔ရွင္းျပသည္။

ေလတြင္ပ်ံံ့ႏွံ႔ေသာ ေရာဂါျဖစ္သည္ဟု ယခုေတြ႕ရွိခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္အေနျဖင့္ နည္းလမ္း (၃) မ်ိဳးျဖင့္ ကူးစက္ႏိုင္သည္ဟု ဆိုလိုရာ ေရာက္သည္။ အနီးရွိ ေရာဂါကူးစက္ေနသူ၏ ႏွာေခ်-ေခ်ာင္းဆိုးသည္ကို ရႉရႈိက္မိရာမွ တိုက္႐ိုက္ေရာဂါကူးစက္ျခင္း၊ ေရာဂါပိုးကပ္ၿငိ ေနသည့္ မ်က္ႏွာျပင္ အရာဝတၳဳတို႔ကို ထိေတြ႕ကိုင္တြယ္ၿပီးေနာက္ မိမိ၏ ပါးစပ္၊ မ်က္စိႏွင့္ ႏွာေခါင္းတို႔ကို ပြတ္သပ္ျခင္းျဖင့္ ဗိုင္းရပ္စ္ကူးစက္ျခင္းတို႔ျဖစ္သည္။

တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕မွ စတင္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ အသက္ရႉရန္ခက္ခဲျခင္းေဝဒ နာမ်ားခံစားရၿပီး ျပင္းထန္လွ်င္ နမိုးနီးယားအဆုပ္ေရာင္ေရာဂါ ႏွင့္ ခႏၶာကိုယ္တြင္းအဂၤါမ်ား ပ်က္စီးေစသည္။2019 n-CoV အမည္ရွိ ကို႐ိုနာဗိုင္းရပ္စ္ပိုးသစ္မွာ ႏိုင္ငံတကာတြင္ လူေပါင္း ၄၀၀၀၀ ေက်ာ္ကို ကူးစက္လွ်က္ရွိၿပီး ေသဆုံးသူ ၉၀၀ ေက်ာ္လာၿပီျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ အမ်ားစုႏွင့္ တ႐ုတ္ျပင္ပတြင္ ေဟာင္ေကာင္၊ ဖိလစ္ပိုင္တို႔၌ ၁ ဦးစီ ေသဆုံးသည္။

(ဗိုင္းရပ္စ္ဟု သိမ္းႀကဳံးေခၚဆိုၾကေသာ ေရာဂါပိုးတို႔သည္ ကူးစက္ပုံျခင္း မတူၾကပါ။ HIV ဗိုင္းရပ္စ္သည္ အကာအကြယ္မဲ့ ဆက္ဆံျခင္း၊ တက္တူးထိုးျခင္း၊ မသန႔္ရွင္းေသာ ေဆးထိုးအပ္တို႔မွ ကူးစက္ၿပီး၊ ေပြ႕ဖက္ျခင္း၊ မ်က္ႏွာသုတ္ပုဝါတစ္ခုတည္း၊ ေရတစ္ခြက္တည္းအတူ သုံးျခင္း-ေသာက္ျခင္းမွ ကူးစက္ႏိုင္ျခင္းမရွိပါ။

Htay Oung – Oung Marine
ေလးစားစြာျဖင့္ Blacker

UNICODE

ပြင်ပသွားလာသူများ သတိပြုရန်၊ဝူဟန်ဗိုင်းရ ပ်စ်သည် လေထဲ မှတဆင့် ပျံ့နှံ့ကူး စက်နိုင်ကြောင်း တရုတ်အတည်ပြု

ဗိုင်းရပ်အချို့မှာ လေထုမှတဆင့် ကူးစက်သည်။ (ဥပမာ-အအေးမိနှာစေးရောဂါ)။ ဗိုင်းရပ်စ်အချို့ သည် လူ့ဆဲလ်အတွင်း၌သာ ရှင်သန်နိုင်ပြီး သာမန်သဘာ၀ အလင်းရောင်ထိတွေ့သည်နှင့် ပျက်စီးသွားတတ်သည်လည်းရှိသည်။ အချို့ ဗိုင်းရပ်စ်တို့မှမူ ပွက်ပွက်ဆူနေသော ရေတွင် မိနစ် ၂၀ မျှ တောက်လျှောက် အပူပေးပြုတ်သည်ကို ခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။

တိရိစ္ဆာန်အချို့တွင်ရှိသော ဗိုင်းရပ်စ်အချို့သည် သက်ဆိုင်ရာတိရိစ္ဆာန်တွင် မည်သို့မျှမဖြစ်သော်လည်း၊ လူကို ကူးစက်သည့်အခါ ရောဂါ ဖြစ်စေသည်။ သက်ရှိသတ္တဝါတို့၏ အင်္ဂါအစိတ်အပိုင်းများရှိ ရှင်သန်နေသော ဆဲလ်များတွင် ပျော်မွေ့သော ဗိုင်းရပ်စ်သည် အသွင် ပြောင်းနိုင်သည်။

ထို့ကြောင့် မိမိကိုယ်ခံစွမ်းအား မြင့်တက်နေစေရန် ဂရုစိုက်ပါ။ သတင်းတု ဆေးမြီးတိုများကို ရှောင်ကျဉ်၍ သက်ဆိုင်ရာ ကျန်းမာရေးဋ္ဌာ န ကျွမ်းကျင်ပညာရှင်များ၏ ညွှန်ကြားချက်တို့ကိုသာ လိုက်နာပါ။ ကြောက်မက်ဖွ ယ် ကိုရိုနာဗိုင်းရပ်စ်သည် လေတွင်ပျံ့နှံံ့ကြောင်း တ ရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အာဏာပိုင်များက အတည်ပြုသည် ဟု msn news က ယနေ့ဖော်ပြသည်။

သတင်းထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်မှာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းဖော်ပြထားသည်။ ဆိုလိုသည်မှာ ဗိုင်းရပ်စ်ပိုးသည် ၎င်း၏သက်တမ်းရှိသလောက် လေတွင် လွင့်မျောခိုက် ရှူရှိုက်မိသူတို့အား ရောဂါကူးစက်စေနိုင်သည်ဆို၏။တရုတ်အစိုးရက ပြည်သူ တို့အနေဖြင့် လူအများ တွေ့ဆုံခြင်းမျိုးကို ရှောင်ကျဉ်ပြီး လူမှု ရေးလှုပ်ရှားမှု့များကို ရပ်ဆိုင်းကြရန် တိုက်တွန်းထားသည်။

လေတွင်သယ်ဆောင်၍ ကူးစက်စေသည်ဆိုခြင်းမှာ ဗိုင်းရပ်စ်ပါဝင်သော အမှုန်အမွှားတို့သည် ရှုရှိုက်မိသည့်အခါ (လူမှ လူအချင်းချင်း) ရောဂါကူးစက်သည်အထိ လေတွင်လွင့်မျောသည်ကို ဆိုလိုကြောင်း၊ ထိုအတွက် ပြည်သူလူထုအနေဖြင့် ပိုမိုသတိထားနိုင်ကြပါရန် ပြောလိုကြောင်း ရှန်ဟိုင်းမြို့ပြရေးရာဗြူရို လက်ထောက်ဦးစီး ဇန်ခူး က China Daily သို့ရှင်းပြသည်။

လေတွင်ပျံံ့နှံ့သော ရောဂါဖြစ်သည်ဟု ယခုတွေ့ရှိချက်မှာ ကိုရိုနာဗိုင်းရပ်စ်အနေဖြင့် နည်းလမ်း (၃) မျိုးဖြင့် ကူးစက်နိုင်သည်ဟု ဆိုလိုရာ ရောက်သည်။ အနီးရှိ ရောဂါကူးစက်နေသူ၏ နှာချေ-ချောင်းဆိုးသည်ကို ရှူရှိုက်မိရာမှ တိုက်ရိုက်ရောဂါကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိ နေသည့် မျက်နှာပြင် အရာဝတ္ထုတို့ကို ထိတွေ့ကိုင်တွယ်ပြီးနောက် မိမိ၏ ပါးစပ်၊ မျက်စိနှင့် နှာခေါင်းတို့ကို ပွတ်သပ်ခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ဖြစ်သည်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်းဝေဒ နာများခံစားရပြီး ပြင်းထန်လျှင် နမိုးနီးယားအဆုပ်ရောင်ရောဂါ နှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများ ပျက်စီးစေသည်။2019 n-CoV အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်မှာ နိုင်ငံတကာတွင် လူပေါင်း ၄၀၀၀၀ ကျော်ကို ကူးစက်လျှက်ရှိပြီး သေဆုံးသူ ၉၀၀ ကျော်လာပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် အများစုနှင့် တရုတ်ပြင်ပတွင် ဟောင်ကောင်၊ ဖိလစ်ပိုင်တို့၌ ၁ ဦးစီ သေဆုံးသည်။

(ဗိုင်းရပ်စ်ဟု သိမ်းကြုံးခေါ်ဆိုကြသော ရောဂါပိုးတို့သည် ကူးစက်ပုံခြင်း မတူကြပါ။ HIV ဗိုင်းရပ်စ်သည် အကာအကွယ်မဲ့ ဆက်ဆံခြင်း၊ တက်တူးထိုးခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်တို့မှ ကူးစက်ပြီး၊ ပွေ့ဖက်ခြင်း၊ မျက်နှာသုတ်ပုဝါတစ်ခုတည်း၊ ရေတစ်ခွက်တည်းအတူ သုံးခြင်း-သောက်ခြင်းမှ ကူးစက်နိုင်ခြင်းမရှိပါ။

Htay Oung – Oung Marine
လေးစားစွာဖြင့် Blacker

Add a Comment

Your email address will not be published. Required fields are marked *