အဆိုတော်ချစ်ကောင်းက ဒုတိယအိမ်ထောင်နဲ့မိသားစုဘဝလေးကို့ဖြတ်သန်းနေပြီးယနေ့လေးမှာသူ့လိုဂီတကိုဝါသနာပါလာတဲ့အဖေတူသမီ းငယ်လေးမေချစ်ကောင်းကိုပွဲထုတ်လာခဲ့ပါတယ်။“သမီးငယ်လေးကိုဘာမှထိန်းချုပ်ထားတာမရှိဘဲသူ့ပုံစံအတိုင်း ပျံသန်းစေချင်တယ်မမအိမ့်ချစ်နဲ့လည်းသီချင်းတူတူဆိုဖို့စိတ်ကူးရှိပါတယ်”ဆို ပြီးနောက်ထ ပ်တောက်ပလာမယ့်ဂီတကြယ်ပွင့်သမီးလေးအကြောင်းကိုပြောပြလာခဲ့တာပါနော်။
အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၆)ရက်နေ့ကတော့ သူ့ရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ အမရာလေးကို မွေးဖွားခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။အမရာလေးကတော့ မွေးဖွားပြီးကတည်း ချစ်ဖို့ကောင်း လှတာကြောင့် မေမေအိမ့်ချစ်သာမက ပရိသတ်တွေပါ အချစ်ပိုနေခဲ့ကြရပါသေးတယ်။
မေမေအိမ့်ချစ်ကလည်း သမီးဦးလေးဖြစ်သလို ချစ်မွှေး ပါလွန်းလှတဲ့ သမီးလေး ဖြစ်နေတာကြောင့် သမီးလေးအမရာကို ပိုလို့တောင် အချစ်ပိုနေခဲ့ပါသေးတယ်။သမီးလေးကိုကျန်းကျန်းမာမာနဲ့မွေးဖွားလာပြီးချစ်စ ရာကောင်းတဲ့အမည်တေးအမရာလှိုင်ဆိုပြီးပေးခဲ့တာပဲဖြစ်ပါတယ်။တေးချစ်တဲ့မေမေ နဲ့တူဖို့ရယ်ဖခင်အမည်လှိုင်လေးကိုပါထည့်ပေးခဲ့တာပါ။အမရာလေးကဖခင်နဲ့ရုပ်ချင်းပိုဆင်ပေမယ့် မေမေအိမ့်ချစ်ရဲ့အနုပညာသွေးပါတဲ့သူလေးလို့ ခန့်မှန်းရလောက်ပါတယ်။