မင်းသမီးချောလေးမေမီကိုကိုက MRTV – 4 ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင် မြင်မှုမှတ်တိုင်တွေများစွာစိုက်ထူထားနိုင်ခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း မေမီကိုကိုက MRTV – 4 ကနေ လာမယ့် ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ထုတ်လွှင့်ပြသမယ် “မဟူရာပုလဲ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်။
မေမီကိုကိုကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ MRTV – 4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ကြရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ မေမီက “မြမြဝေ”ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။မကြာခင်မှာ ပရိသတ်တွေရှေ့ကိုရောက်ရှိလာတော့မယ့် “မြမြဝေ”လေးကို ပရိသတ်တွေလည်း အားပေးဖို့ Ready ပဲလား။