အဆိုတော်မလေးချယ်ရီသင်းကတော့ ဒီနေ့မှာ ဒီသီချင်းလေးကို ဂစ်တာလေးတီးပြီး ပေါ့ပေါ့ပါးပါးလေးပြန်လည်သီဆိုပြခဲ့ပါတယ်။ချယ်ရီသင်းရဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း နားဆင်ခံစားပေးကြပါဦးနော်။
ချယ်ရီသင်းကတော့ သီချင်းဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အရည်အချင်းပြည့်ဝစွာနဲ့ အနုပညာလောကထဲကိုရောက်ရှိလာတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ထွက်သမျှသီချင်းတိုင်းကပေါက်တဲ့အထိကို အပြည့်အဝအောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချယ်ရီသင်းရဲ့ “ဗမာမလေးပါရှင်” ဆိုတဲ့ သီချင်းလေးထွက်ရှိလာခဲ့ပြီး ဒီသီချင်းလေးက ပရိသတ်တွေကြားမှာတော်တော်လေးကိုရေဗန်းစားနေခဲ့ပါသေးတယ်။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာစွဲနေရတဲ့အထိကို နားထောင်လို့ကောင်းပြီး တကယ်ကို သီချင်းကောင်းလေးတစ်ပုဒ်အဖြစ်ရှိနေခဲ့တာပါ။