ချယ်ရီပန်းတွေကြားမှာ အပျိုပေါက်လေးတစ်ယောက်လို လှသွေးကြွယ်နေတဲ့ ခင်လေးနွယ်

Posted on

မင်းသမီးချောလေးခင်လေးနွယ်ကတော့ သူ့ရဲ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ ခရီးသွားခြင်းကိုလည်း ပြုလုပ်နေခဲ့ပြီး ခရီးသွားရင်လှပတဲ့သဘာဝတရားကြီးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ချယ်ရီပန်းတွေနဲ့ ရိုက်ကူးထားတဲ့ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ခင်လေးနွယ်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့ပြီး မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့သူပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်ပြီး ဖြတ်သန်းနေခဲ့ပါတယ်။

ပုံလေးတွေထဲမှာတော လှပတဲ့ချယ်ရီပန်းတွေကိုနောက်ခံထားကာရိုက်ကူးထားပြီး ခင်လေးနွယ်ကတော့ ပန်းတွေနဲ့အပြိုင်လှနေခဲ့တာပဲဖြစ်ပါတယ်။ချစ်ဖို့ကောင်းလွန်းလှတဲ့ ခင်လေးနွယ်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *