




REF:     LET  PAN

UNICODE

အိန္ဒိယမှာ (၁၆) နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် သိပ္ပံပညာရှင်လေး တစ်ယောက် ပေါ်ထွက် လာ

အိန္ဒိယက(၁၆)နှစ်အရွယ် ဇာလာဟာ ဒရုန်းလေယာဉ်ကို ပြုလုပ်ပေးဖို့အတွက် ပြည်ပက အမှာစာ တွေ အများကြီးလက်ခံရရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့နည်းပညာကို အိန္ဒိယနိုင်ငံက တပ်ဖွဲ့တွေအတွက် ကူညီဆောင်ရွက်ပေးဖို့ပဲ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ (ငွေကြေး ကိုပဓာနမထားပဲအမိနိုင်ငံတော်အတွက် ဦးစားပေးတဲ့ဒီလူငယ် လေးရဲ့စိတ်ထားက အံသြဖွယ်လိလိပါ)“ကျွန်တော့်ဆီကို ပြည်ပက အမှာစာတွေ သူတို့ဆီမှာ လာပြီးအလုပ်လုပ်ဖို့ ကမ်းလှမ်းတဲ့ ခေါ်စာတွေ အများကြီးရောက်လာပါတယ်။

ဒါပေမယ့် အိန္ဒိယတပ်မတော်နဲ့ ရဲတပ်ဖွဲ့အတွက်ပဲ ဒီနည်းပညာကို အသုံးပြူချင်တာ လက်ရှိ ကျွန်တော့် ဆန္ဒပါ။ မသေသေင့်ပဲ သေဆုံးခဲ့ ရတဲ့ အာဇာနည်တွေရဲ့ အသက်တွေကို ကယ်တင်ချင်ပါတယ်”လို့ အသက် ၁၆နှစ်အရွယ် လူငယ်လေး ဇာလာ ကဆိုပါတယ်။“ဒီဒရုန်းဟာ အိန္ဒိယတပ်မတော်ရဲ့ အခြေစိုက်စခန်းကနေပြီးတော့ မိုင်းတွေရှိတဲ့ နေရာဆီကို ပျံသန်းသွားနိုင်ပါတယ်။ မြေအောက်က မိုင်းတွေကို တွေ့ ပြီဆိုတာနဲ့ အခြေစိုက်စခန်းဆီကိုဒရုန်းက သတင်းပြန်ပို့ပါလိမ့်မယ်။ မြေမြှုတ်မိုင်းတွေကို အချိန်နဲ့တပြေးညီ မြင်နိုင်ကြည့်နိုင်ပြီး လူတွေ ရဲ့ အသက်အန္တရာယ်ကနေ ဖော်ထုတ် ဖျက်ဆီးပစ်နို င်ပါလိမ့်မယ်”လို့ ဇာလာက ဆိုပါတယ်။

ကိုယ်တို့နိုင်ငံက ဒီဖက်ခေတ်တက္ကသိုလ်တွေမှာ တကသတွေ ဗကသတွေ သမဂ္ဂတွေနဲ့အလုပ်ရှုပ်နေချိန်.. အိန္ဒိယက ပေါ်ထွက်လာတဲ့ ၁၆ နှစ်အရွယ်လူငယ်သိပ္ပံပညာရှင်လေးတစ်ယောက်အကြောင်းမြေမြှုတ်မိုင်းရှိတဲ့နေရာကို ရှင်းလင်းပေးနိုင်တဲ့ ဒရုန်းတစ်မျိုးကို အိန္ဒိယက အသက် ၁၆ နှစ်ရွယ် လူငယ်လေးတစ်ဦးက ပုံစံထုတ် တီထွင်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ယွန်းယွန်းဖက်မှာရှိတဲ့ ဂူဂျာရက်ပြည်နယ်က အသက် ၁၆ နှစ်အရွယ် လူငယ်လေးတဦးဟာ မြေမြှု တ်မိုင်းတွေရှိတဲ့ နေရာကိုသိရှိ နိုင်ပြီးရှင်းလင်းပေးမယ်မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တစ်မျိုးကို ပုံစံထုတ်တီထွင်ပြုလုပ်ခဲ့ပြီးအဲဒီဒရုန်းကို EAGLE A7 လို့ အမည်ပေးခဲ့ပါတယ်။ဒီနည်းပညာဟာ အသစ်ဖြစ်ကြောင်းနဲ့ တခြားဘယ်မှာမှမရှိသေးကြောင်းကိုလဲ အဲဒီလူငယ်လေးဇာလာ (Harshwardhansinh Zala)ကပြောပါတယ်။

REF:     LET  PAN

Add a Comment

Your email address will not be published. Required fields are marked *