ကျောင်းတက်ပြီးပျော်နေကြတဲ့ ကလေးတွေကြောင့် ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်

Posted on

မင်းသမီးချောလေးခိုင်နှင်းဝေက ကလေးတွေရဲ့ ချစ်စရာ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရပါတယ် ။ အခုလည်း ကျောင်းတက်ကာ ပျော်ရွှင်နေကြတဲ့ ကလေးတွေကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားရာ ချစ်စရာကောင်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

ခိုင်နှင်းဝေကတော့ ရင်သွေးလေးများဂေဟာနဲ့ မသန်စွမ်းပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်းတွေ အမြဲပြုလုပ်ပေးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *