မော်ဒယ်မလေးလုလုအောင်က လတ်တလောမှာ မြင်နေကျ ပုံစံတွေနဲ့ ကွဲထွက်ကာ မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိနဲ့ ညို့ယူဖမ်းစားထားတဲ့ အမိုက်စား ပုံလေးတွေကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ပုရိသပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ လုလုအောင်ကတော့ ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှု ညှို့အားတွေပြည့်နေတဲ့ သူလေးတစ်ယောက်ပါ။ သူမရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးတွေနဲ့ ပုံလေးတွေကိုလည်း မကြာခဏမျှဝေပေးလေ့ရှိပါတယ်နော်။
လှပလွန်းတဲ့ကောက်ကြောင်းတွေအပြင် မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။ သူမကတော့ Photo Shooting တွေရိုက်ကူးနေ တာဖြစ်ပြီး မော်ဒယ် လောကမှာလည်း အောင်မြင်နေပါတယ်။