



UNICODE

ကြက်ဥတစ်လုံးခိုးစားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစကားများရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အခုအမှုတော့ဖွင့်ထားတယ်။ မြို့မစခန်းမှာ အမှု ဖွင့်ဖို့စစ်ဆေးနေတယ်လို့တော့ သိရပါပြီ ကျွန်တော့်ဆီကိုတော့ အဲ့ဒီကိစ္စသတင်းတိတိ ကျကျမရောက် သေးပါဘူး” လို့ တာချီလိတ်ရဲကင်း စခန်းမှူး ရဲအုပ်မင်းမင်းအောင်က ပြောပါတယ်။

သေဆုံးသွားတဲ့ အသက်(၄၀)ဝန်းကျင်းရှိတဲ့ လီရှီးကို တာချီလိတ်နာရေးကူညီမှုအသင်းကားနဲ့ တာချီလိတ် ပြည်သူ့ဆေးရုံက ရင်ခွဲရုံကိုပို့ဆောင်ပေးလိုက်တယ်လို့လည်း သိရပါတယ်။အဲ့ဒီကိစ္စကြောင့် လူသတ်မှုကျူးလွန်ခဲ့တဲ့ မောရှုကိုတော့ တာချီလိတ်ရဲစခန်းက နေရာမှာပဲဖမ်းဆီးရမိခဲ့ပြီး တရားစွဲတင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုမှာ ဒီနေ့ ဖေဖော်ဝါရီလ (၁၀)ရက် မနက်ပိုင်းက ကြက်ဥတစ်လုံး ခိုးစားတယ်လို့အငြင်းပွားတာကနေ ဓါးခုတ်မှုဖြစ်ခဲ့ပြီး တစ်ယောက်သေဆုံး သွားတယ်လို့ တာချီလိတ်ရဲစခန်းက သိရှိရပါတယ်။မိုင်းကိုးကျေးရွာအုပ်စုမှာ ဒီနေ့မနက်က လီရှီးဆိုသူနဲ့ မောရှေတို့ဟာ တံမြတ်စဉ်းပင်ခုတ်ဖို့မသွားခင် ထမင်းစားနေတုန်း လီရှီးက မောရှုကိုကြက်ဥခိုးစားတယ်လို့စွပ်စွဲပြောဆိုတာကနေ စကားများရန်ဖြစ်ခဲ့ပြီး မောရှုက တံမြတ်စည်းခုတ်တဲ့ဓားနဲ့ခုတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *