သရုပ်ဆောင်ဖြိုးအိန္ဒြာမင်းက သူမ၀လာတာနဲ့ ပတ်သက်ပြီးအရင်ကဆို တစ်နေ့ကို ထမင်း ၃ နပ် စားတာ၊ အခုတော့ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်တော့ဘူး၊ ဒီလောက် ဝနေရင် မင်းသမီး မလုပ်နဲ့လို့ လူကြားထဲ အပြောခံလိုက်ရလို့ ငိုခဲ့ရဖူးတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ဖြိုးအိန္ဒြာမင်းက ဒီလောက်ဝနေရင် မင်းသမီးမလုပ်နဲ့လို့ လူကြားထဲမှာ ဝေဖန်ခံရဖူး တဲ့အကြောင်းကိုအခုလိုပြန်လည် ရင်ဖွင့်လာခဲ့ပါတယ်နော်။သရုပ်ဆောင်ဖြိုးအိန္ဒြာမင်းက ညီမ ပေါင် ၁၄၀ ကျော် ၁၅၀ ထိ ဝ သွားဖူးတယ်။
အဲ့အချိန်တုန်းကဆို အပြင်တောင် သိပ်မထွက်ဖြစ် ဘူး၊ တချို့ဆို တွေ့တာနဲ့ ဒီလောက် ဝနေတာ၊ မင်းသမီး လုပ်မနေနဲ့ဆိုပြီး ပြောခံရတာတွေရှိတယ်၊ အဲ့လိုပြောခံရတော့ စိတ်မကောင်းဖြစ်ပြီး လူလယ် ခေါင်မှာ ဝမ်းနည်းပြီး ငိုမိတယ်လို့ ဖွင့်ဟလာပါတယ်။