အခုအခါမှာတော့ ကြည်နူးပျော်ရွှင်မှုတွေပြည့်နေတဲ့ မိစန္ဒီတို့ ဇနီးမောင်နှံရဲ့ ပုံလေးတွေကိုကြည့်ပြီး သဘော ကျ အားကျကြောင်းနဲ့ အခုလိုပျော်ရွှင်နေတာကိုမြင်ရလို့ ထပ်တူပျော်ရွှင်မိကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးတွေထဲက မိစန္ဒီရဲ့ ပရိသတ်တွေအတွက် မိစန္ဒီတို့ စုံတွဲရဲ့ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
မိစန္ဒီကတော့ Rapper အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မိစန္ဒီက သူ့ရဲ့ချစ်သူလေးနဲ့ရွှေလက်တွဲသွားခဲ့တာကြောင့် ပရိသတ်တွေကဂုဏ်ပြုနေခဲ့ကြပါသေးတယ်။
မိစန္ဒီတို့စုံတွဲလေးကတော့ အတူတူခရီးတွေထွက်ပြီး ပျော်ရွှင်သာယာတဲ့ အိမ် ထောင်ရှင်ဘဝကို ပရိသတ်တွေကတောင်အားကျနေခဲ့ကြရပါသေးတယ်။ ဒီနေ့မှာလည်း မိစန္ဒီက အေးချမ်းလွန်းလှပြီး သဘာဝတရားကြီးရဲ့ အလှအပတွေအပြည့်ရှိတဲ့နေရာလေးတစ်ခုကို ခင်ပွန်းဖြစ်သူနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။