



crd : burmeseasia

UNICODE

မဒီလေး တွေကြားရေပန်းစား ကျော်ကြား နေပြန်တဲ့ MRTV-4 ရဲ့ သတင်း ကြေညာသူကောင်လေး

သတင်းကြေညာသူဆိုတာ ရုပ်ရည်ပြေပြစ် တဲ့ သူတွေ အပြောအဆိုရည်မွန်တဲ့ သူတွေ ဆိုတာသိကြမှာပါ။အခုဆိုရင်တော့ မြန်မာနိုင်ငံ ရဲ့နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ MRTV-4 ရဲ့ သတင်းကြေညာသူကောင်လေးဟာ အပြုံးချိုချိုလေးနဲ့အတူ ကြည့်ကောင်းတဲ့ ရုပ်ရည် သွင်ပြင်ကြောင့် မဒီလေး တွေကြား ရေပန်းစားနေ တာပါ။ သိပ်မကြာသေး ခင်က သူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်ခ်အကောင့်မှာ သတင်းတွေ ကိုစောင့်မျှော်ကြည့်ရှုကြပါဦးဆိုပြီးတော့ သတင်းကြေညာတဲ့ပုံရိပ်လေးတွေကို တင်ပေးထားခဲ့တာပါ။

မိန်းကလေး ပရိသတ်တွေ အတွက်တော့ မင်းသား ချောချော အဆိုတော် ချောချောလေးတွေကို ကြိုက်နှစ်သက်အားပေးကြတာထုံးစံပါပဲနော်။အခုတော့ အစီအစဉ်တင်ဆက်သူကောင်လေးချောချောလေးကြောင့် သတင်းတင်ဆက်တဲ့အစီအစဉ်မှာပါ ကြည့်ရှုနှုန်း တွေမြင့် တက်တော့မယ့်ပုံပါပဲ။

အဲဒီပုံလေးတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး သူ့ကြောင့် သတင်းတွေကို ကြည့်တော့မယ်လို့ ပြောတဲ့သူတွေများနေခဲ့ပါတယ်။သူ့ရဲ့Facebook Acc ကတော့ Khant Oak Soe ဖြစ်ပြီးလက်ရှိအချိန်မှာ Follower တစ်သောင်းကျော်ရှိနေပါတယ်။ ပရိသတ်ကြီးထဲမှာရော သတင်းတွေကို စိတ်ဝင် တစား စောင့်ကြည့်ဖြစ်တဲ့သူတွေရှိနေပြီလားနော်။

crd : burmeseasia

Add a Comment

Your email address will not be published. Required fields are marked *