အခုဖော်ပြပေးမယ့် ပုံလေးတွေထဲမှာတော့ အိမ့်ချစ်တို့သားအမိနှစ်ယောက်က ပန်းရောင်အနွေးထည်လေးကိုဆင်တူဝတ်ဆင်ထားတာဖြစ်ပြီး “မေမေနဲ့Amara ရဲ့ pinky pink day” လို့လည်း ရေးသားမျှဝေထားခဲ့ပါတယ်။အမရာတို့ သားအမိတွေရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ လက်ရှိမှာ အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားခဲ့ပါတယ်။
အိမ့်ချစ်ရဲ့ သမီးလေးဖြစ်တဲ့ “တေးအမရာလှိုင်” “အမရာ”ကတော့ ချစ်မွှေးပါလွန်းလှတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားပါတယ်။ ဒီနေ့မှာတော့ အိမ့်ချစ်က တောင်ကြီးကိုရောက်ရှိနေခဲ့ပြီး သမီးလေးနဲ့အတူတူရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။