မင်းသမီးချောလေးဝေလာရီကတော့ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲလိုလို ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း အမိုက်စား ဖက်ရှင်လေးနဲ့ အခါခါပြန်ကြည့်ချင်ရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ် ။
ဝေလာရီကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို စတင်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။ တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် အရည်အချင်းပြည့်ဝတဲ့ ဝေလာရီက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုရခဲ့တာပဲ ဖြစ်ပါတယ် ။
မွန်တိုင်းရင်းသူလေးဖြစ်ပြီး ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့သူလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုတစ်ခဲနက် ရရှိထားတာ ပဲဖြစ်ပါတယ်။