




crd : shwewiki

UNICODE

အမျိုးသားထုကြီး ရဲ့ မင်းသမီးလေး သင်ဇာဝင့်ကျော်က သူမ၏ဖခင်မွေးနေ့ အတွက် လက်ဆောင်လေး ပေးပို့ ခဲ့(ဗီဒီယိုပါ)

အလှူအတန်းတွေမှာသာမက လူကြီးမိဘတွေကို ရိုသေ ကိုင်းရှိုင်းတတ်တဲ့ သင်ဇာကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူမဖေဖေရဲ့ မွေးနေ့ရက်မြတ်လေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ရန်ကုန်မှာ ရှိမနေနိုင်တဲ့အတွက် ဗီဒီယိုဖိုင်လေးထဲ ကနေတဆင့် မွေးနေ့ Kiss ပေးခဲ့တာပဲဖြစ်ပြီး သူမရဲ့ မိတ်ကပ်ဖန်တီးရှင်တွေကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ အလုပ်တွေမအားလပ်တဲ့ ကြားထဲကနေ မိဘအပေါ်အလေးထားဂရုစိုက်တတ်တဲ့ သင်ဇာရဲ့စိတ်ထားလေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

အ မျိုးသားထုကြီး ရဲ့အသည်းကျော် မင်းသမီးလေး သင်ဇာဝင့်ကျော် ရဲ့ မွေးနေ့ရက်မြတ်ရောက်တိုင်း အလှူအတန်းတွေနဲ့ မွေးနေ့လေးကို ဖြတ်သန်းလေ့ရှိပြီး မိသားစုတွေ ပရိသတ်တွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ပုံအသစ် တင်လိုက်ပြီဆိုတာ နဲ့ ဟင်ခနဲ ဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ သူတစ်ယောက်ပါ။

သင် ဇာကတော့ လူမှု ကွန်ရက် စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူလို့ဆိုရမှာပါ။သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *