ဘာလိုလိုနဲ့ ဖေဖေကွယ်လွန်သွားတာ (၁)နှစ်ခွဲပြည့်သွားပြီလို့ ဖွင့်ဟလာတဲ့ ပရိသတ်အချစ်တော် ဦးမေတ္တာရဲ့သားငယ်

Posted on

ပရိသတ်အချစ်တော် ဦးမေတ္တာဟာ ကွယ်လွန်သွားခဲ့တာ တစ်နှစ်နဲ့ ခြောက်လပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။ ဦးမေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ကြီးကို လွမ်းဆွတ်သတိရကြောင်း”ပြန်မလာနိုင်တော့တဲ့ ဟိုး…အဝေးဆုံးကိုထွက်ခွာသွားတာ ဒီနေ့နဲ့ဆို ၁နှစ်နဲ့၆လရှိခဲ့ပီ ဖေဖေ။ မိသားစုဓာတ်ပုံလေးရိုက်ရင် ရင်ထဲမှာဟာတာတာကြီးနဲ့ ဝမ်းနည်းမိလို့ မရိုက်ဖစ်တာလည်းအတော်ကြာခဲ့ပါပြီ။

ပရိသတ်ကြီးရေ ဦးမေတ္တာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့ ပရိသတ်အချစ်တော် ရုပ် ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဦးမေတ္တာကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ နှမြောတသဖြစ်ခဲ့ရပါသေးတယ်။အဖေမရှိတော့တဲ့အချိန်ကစလို့ ယနေ့ချိန်ထိ မိသားစုပေါ်ချစ်တဲ့ အဖေ့စကားလေးအတိုင်း။

ငွေမချမ်းသာရင်နေအုံးတော့ စိတ်ချမ်းသာအောင်ထားမြဲပါဖေဖေ။ သတိရတယ် ဖေဖေ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဦးမေတ္တာကတော့ ကွယ်လွန်သွားတာ (၁)နှစ်(၆)လတောင်ရှိသွားခဲ့ပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *