အခုအခါမှာတော့ မင်းသမီးချောလေးမေမီကိုကိုက ခရီးတွေထွက်နေခဲ့ပြီး ကချင်ပြည်နယ် ပန်ဝါမြို့ကိုရောက်ရှိခဲ့ပါတယ်။ မနေ့ကတော့ မေမီကိုကိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပန်ဝါမြို့ရဲ့ နှင်းတွေနဲ့ ရေခဲတွေကြားထဲမှာရိုက်ကူးထားခဲ့တဲ့ ပုံလေးတွေကို သူ့ရဲ့ပရိသတ်တွေအတွက် အလွမ်းပြေ သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
မေမီကိုကိုကတော့ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ MRTV – 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်တွေကို ပီုပင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့မှာလည်း မေမီကိုကိုကတော့ ပန်ဝါမှာ နှင်းရေခဲတွေနဲ့ဆော့ကစားနေခဲ့တဲ့ ဗီဒီယိုလေးတွေကို ထပ်မံမျှဝေဖော်ပြပေးလာခဲ့ပါတယ်။ပရိသတ်ကြီးရေ နှင်းရေခဲတွေနဲ့ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာနဲ့ ဆော့ကစားနေခဲ့တဲ့ မေမီကိုကိုရဲ့ ဒီဗီဒီယိုဖိုင်လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။