မင်းသမီးချောလေးဖွေးဖွေးက သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း ပရိ သတ်တွေ လုံးဝမမြင်ဘူးသေးတဲ့ သူမ ငယ်စဉ်ကလေးဘဝက ပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက ချစ် စရာကောင်းလွန်းလို့ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့် အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့အထိအောင်မြင်နေတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။
ဖွေးစိန်လေးကတော့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူလေးဖြစ်တာကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိထားတာပါ ။သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေ တစ်ခဲနက် အားပေးကြတာလည်းတွေ့ရပါတယ်။