အခုအခါမှာတော့ အောင်လအန်ဆန်းရဲ့ သမီးလေးကတော့ အသက် (၃)နှစ်အရွယ်သာရှိသေးပေမဲ့ သူ့ရဲ့အကိုဖြစ်သူနဲ့အတူတူကိုယ်ခံပညာရပ်ကို သေသေချာချာလေး လေ့လာသင်နေခဲ့တာပဲဖြစ်ပါတယ်။စနစ်တကျလေ့ကျင့်သင်ယူနေတဲ့ San Sengလေးရဲ့ ကိုယ်ခံပညာသင်ယူနေတဲ့ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်။
ပရိသတ်ကြီးရေ အောင်လအန်ဆန်းကတော့ MMA ဖိုက်တာတစ်ယော်ကအနေနဲ့ နိုင်ငံဂုဏ်ဆောင် အား ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အေင်လကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်နဲ့အတူ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
အောင်လကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလတ်လေး San Seng ရဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးနဲ့အတူလည်း “San Seng joins her brothers and begins her Martial Arts journey tonight. My girl is growing up so fast” ဆိုပြီး ကိုယ်ခံပညာရပ်တွေကို သင်ယူနေတဲ့သမီးလေးအတွက် ဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။