အခုတစ်ခါမှာဆိုရင် မင်းသမီးချောလေးပိုးကြာဖြူခင်က အနုပညာကို ဝါသနာပါလွန်းလို့ သူနာပြုအလုပ်ကို စွန့်လွတ်ခဲ့တဲ့ အကြောင်းကိုအခုလိုပြန်လည် ပြောလာခဲ့ပါတယ်နော်။သရုပ်ဆောင်ပိုးကြာဖြူခင်က သူနာပြု သိပ္ပံကျောင်း တက်နေရင်း မော်ဒယ် အရမ်း ဖြစ်ချင်တော့ ကျောင်းထွက်ပြီး အနုပညာ လောကထဲ ဝင်ခဲ့တယ်၊
မော်ဒယ် စလုပ် ကတည်းက အမြဲ စိတ်ညစ်ပြီး ငိုခဲ့ရတယ်၊ ဒေါက်မြင့် ဖိနပ် စီးပြီး လက်ကမ်းစာစောင် ဝေရတဲ့ ဘဝကိုလည်း ဖြတ်သန်းခဲ့ရတယ်၊ အရမ်း ရုန်းကန်ရတဲ့ အချိန်မျိုး ဆိုရင် သူနာပြုဆရာမ ပြန်ဖြစ်ချင်တယ်၊ မော်ဒယ် လုပ်ခဲ့တာက (၅)နှစ်၊ ပြီးမှ MRTV 4 မှာ သရုပ်ဆောင်စလုပ်တာဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊
သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။