အဆိုတော်မလေးလိမ္မော်သီးဟာ လူအယောက် (၄၀၀) စာ စတုဒိသာ အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ ” Feb ၆ ရက်နေ့က ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်မှာ🧡 လူအယောက် ၄၀၀ စာအတွက် …🧡 စတုဒီသာ အလှူ 🙏🏽🙏🏽🙏🏽 ကုသိုလ်ထပ်တူရကြပါစေရှင် 🧡” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားပါတယ် ။
လိမ္မော်သီးကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို မာန်အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် သီချင်းတွေအများအပြား ဖန်တီးခဲ့တဲ့ လိမ္မော်သီးက တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။
ဒါ့အပြင်လိမ္မော်သီးက ချစ်စရာကောင်းတဲ့ သူမရဲ့ညီမလေးဝေလာရီနဲ့ လည်း သီချင်းတွေဖန်တီးပြီး အတူတူသီဆိုခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း သူမကို ချစ်ကြလို့ ယနေ့ထိတိုင် အားပေးနေကြဆဲပါ ။ အလှူအတန်းတွေဆိုရင်လည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတာကိုလည်း တွေ့ရပါတယ် ။