ကြယ္လြန္သြားတဲ့ ခ်စ္ရသူေတြ နဲ႔ အမွန္တကယ္ ျပန္လည္စ ကားေျပာႏိုင္မ ယ့္ နည္းပညာတစ္ခု ကို ကိုရီး ယားတီ ထြင္ (႐ုပ္သံ)

ကိုရီးယားႏိုင္ငံက Munhwa Broadcasting Corporation (MBC) က ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီး ၈ လၾကာ လက္ေတြ႕ဆန္တဲ့ စိတ္ကူး ယဥ္ကမာၻေလးတစ္ခုကို ဖန္တီးတည္ေဆာက္ခဲ့ၾကပါတယ္။ ဒီအစီစဥ္ကို ပါဝင္ပူးေပါင္းခဲ့သူက Ji-sung ဆိုတဲ့ မိခင္တစ္ဦးျဖစ္ၿပီး သူမရဲ႕ သမီးငယ္ေလး ကြယ္လြန္သြားခဲ့တာ မၾကာေသးပါဘူး။ သူမဟာ ဒီအစီစဥ္ေလးကေနတစ္ဆင့္ သမီးငယ္ေလးနဲ႔ VR ထဲမွာ ျပန္လည္ ဆုံ ေတြ႕ၿပီး စကားေတြ အျပန္အလွန္ေျပာႏိုင္ခဲ့ပါတယ္။

Ji-sung ကို VR လက္အိတ္နဲ႔ မ်က္မွန္တို႔ကို ဝတ္ဆင္ေစၿပီး သူမရဲ႕ သမီးေလးနဲ႔ လက္ေတြ႕ဆန္တဲ့ ကမာၻအတုေလးထဲမွာ ျပန္လည္ ဆုံ ဆည္းေစခဲ့ပုံကို အဖြဲ႕သားေတြက အစိမ္းေရာင္ အခန္းႀကီးထဲမွာ ႐ိုက္ကူးမွတ္တမ္းတင္ခဲ့ပါတယ္သစ္သားပုံေလးေတြေနာက္က ေျပး ထြက္လာၿပီး သူမကို စကားေျပာတဲ့ သမီးေလးကို ေတြ႕လိုက္ရတဲ့အခါ Ji-sung က ဝမ္းသာလြန္းလို႔ ခံစားေနရတဲ့ ပုံသ႑န္ကို ႐ုပ္သံမွာ ေတြ႕ျမင္ခဲ့ရပါတယ္။သားအမိႏွစ္ဦးရဲ႕ အျဖစ္ပ်က္ကို ၾကည့္ရင္း ႐ိုက္ကူးေရးခန္းမထဲက ဝန္ထမ္းေတြပါ မ်က္ရည္လည္ခဲ့ရပါတယ္။

ဒီနည္းပညာနဲ႔ အစီအစဥ္ဟာ အရမ္းကို အသက္ဝင္ၿပီး ကိုယ္ခ်စ္တဲ့သူေတြကို ေနာက္တစ္ႀကိမ္ ျပန္လည္ျမင္ေတြ႕ႏိုင္တာေၾကာင့္ မိဘကို ဆုံးရႈံးလိုက္ရသူေတြ၊ သားသမီးကို ဆုံးရႈံးလိုက္ရသူေတြ၊ ခ်စ္သူကို ဆုံးရႈံးလိုက္ရသူေတြအေနနဲ႔ ဒီအစီစဥ္ကို ပူးေပါင္းပါဝင္ၾကပါလို႔ Ji-sung က တိုက္တြန္းလိုက္ပါတယ္။ မိ သားစုဝင္ထဲကပဲျဖစ္ျဖစ္ မိတ္ေဆြေတြထဲကပဲျဖစ္ျဖစ္ ကိုယ္အခ်စ္ရဆုံးေသာသူေတြ ကြယ္လြန္ သြားတဲ့အခါ ဝမ္းနည္းပူေဆြး ယူက်ဳံးမရျဖစ္တတ္ၾကပါတယ္။

သူတို႔နဲ႔အတူတူ ေနာက္ထပ္တစ္ခါဆုံခြင့္ရၿပီး မေျပာျဖစ္လိုက္တဲ့ စကားေလးေတြကို သူသိေအာင္ေျပာခ်င္ၾကမွာ အမွန္ပါပဲအဲဒီလို အ ျဖစ္မ်ိဳးေတြထဲမွာမွ သားသမီးငယ္ငယ္ေလးေတြကို အမွတ္မထင္ ဆုံးရႈံးလိုက္ရတဲ့ မိဘေတြရဲ႕ စိတ္ခံစားမႈက ဘယ္အရာနဲ႔မွ ႏႈိင္းျပလို႔မ ရေအာင္ နက္ရႈိင္းႀကီးမားတယ္ဆိုတာ ေသခ်ာပါတယ္။ဒီလိုမ်ိဳး ဝမ္းနည္းပူေဆြးမႈေတြကို တဂၤေျဖသိမ့္ႏိုင္ဖို႔ Virtual Reality (VR) နည္းပ ညာက ကူညီပံ့ပိုးေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္VR လို႔ ဆိုတာက အခုေခတ္လူငယ္ေတြနဲ႔ မစိမ္းလွပါဘူး။

VR ကို တပ္ဆင္ၿပီး ကြန္ျပဴတာဂိမ္း ကစားတာ၊ ဇာတ္ကားေတြကို ႐ုပ္ရွင္႐ုံႀကီးထဲမွာ သြားၾကည့္ရသလို ခံစားေစတဲ့ ေနရာမွာ အသုံးျပဳ ေနၾကပါတယ္။ ဒီ VR ရဲ႕ နည္းပညာကို အသုံးျပဳၿပီး ကြယ္လြန္သြားၿပီျဖစ္တဲ့ မိမိခ်စ္ခင္ရသူေတြနဲ႔ ေပ်ာ္စရာအခ်ိန္ေလးေတြကို စကားစ ျမည္ေျပာရင္း ေနာက္တစ္ႀကိမ္ ေတြ႕ႏိုင္ဖို႔ အခြင့္အေရး ရွိလာပါၿပီ။ Virtual World ကို ဖန္တီးခဲ့သူေတြက သူတို႔သားအမိႏွစ္ဦး ယခင္က သြားခဲ့ဖူးတဲ့ အမွတ္တရေနရာေလးေတြကိုပါ ထည့္သြင္းပုံေဖာ္ဖန္တီးထားတာေၾကာင့္ Ji-sung ဟာ သမီးေလးနဲ႔ အျပင္မွာ တစ္ကယ္ဆုံ ေနရသလို ခံစားခဲ့ရပါတယ္။ VR ကေန တစ္ဆင့္ သမီးေလးရဲ႕ ေမြးေန႔ကို သားအမိႏွစ္ဦး ေနာက္တစ္ႀကိမ္အတူတူ ဆင္ႏႊဲႏိုင္ခဲ့ပါတယ္။

Credit to Popolay

UNICODE

ကွယ်လွန်သွားတဲ့ ချစ်ရသူတွေ နဲ့ အမှန်တကယ် ပြန်လည်စ ကားပြောနိုင်မ ယ့် နည်းပညာတစ်ခု ကို ကိုရီး ယားတီ ထွင် (ရုပ်သံ)

ကိုရီးယားနိုင်ငံက Munhwa Broadcasting Corporation (MBC) က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ၈ လကြာ လက်တွေ့ဆန်တဲ့ စိတ်ကူး ယဉ်ကမ္ဘာလေးတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့ကြပါတယ်။ ဒီအစီစဉ်ကို ပါဝင်ပူးပေါင်းခဲ့သူက Ji-sung ဆိုတဲ့ မိခင်တစ်ဦးဖြစ်ပြီး သူမရဲ့ သမီးငယ်လေး ကွယ်လွန်သွားခဲ့တာ မကြာသေးပါဘူး။ သူမဟာ ဒီအစီစဉ်လေးကနေတစ်ဆင့် သမီးငယ်လေးနဲ့ VR ထဲမှာ ပြန်လည် ဆုံ တွေ့ပြီး စကားတွေ အပြန်အလှန်ပြောနိုင်ခဲ့ပါတယ်။

Ji-sung ကို VR လက်အိတ်နဲ့ မျက်မှန်တို့ကို ဝတ်ဆင်စေပြီး သူမရဲ့ သမီးလေးနဲ့ လက်တွေ့ဆန်တဲ့ ကမ္ဘာအတုလေးထဲမှာ ပြန်လည် ဆုံ ဆည်းစေခဲ့ပုံကို အဖွဲ့သားတွေက အစိမ်းရောင် အခန်းကြီးထဲမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်သစ်သားပုံလေးတွေနောက်က ပြေး ထွက်လာပြီး သူမကို စကားပြောတဲ့ သမီးလေးကို တွေ့လိုက်ရတဲ့အခါ Ji-sung က ဝမ်းသာလွန်းလို့ ခံစားနေရတဲ့ ပုံသဏ္ဍန်ကို ရုပ်သံမှာ တွေ့မြင်ခဲ့ရပါတယ်။သားအမိနှစ်ဦးရဲ့ အဖြစ်ပျက်ကို ကြည့်ရင်း ရိုက်ကူးရေးခန်းမထဲက ဝန်ထမ်းတွေပါ မျက်ရည်လည်ခဲ့ရပါတယ်။

ဒီနည်းပညာနဲ့ အစီအစဉ်ဟာ အရမ်းကို အသက်ဝင်ပြီး ကိုယ်ချစ်တဲ့သူတွေကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့နိုင်တာကြောင့် မိဘကို ဆုံးရှုံးလိုက်ရသူတွေ၊ သားသမီးကို ဆုံးရှုံးလိုက်ရသူတွေ၊ ချစ်သူကို ဆုံးရှုံးလိုက်ရသူတွေအနေနဲ့ ဒီအစီစဉ်ကို ပူးပေါင်းပါဝင်ကြပါလို့ Ji-sung က တိုက်တွန်းလိုက်ပါတယ်။ မိ သားစုဝင်ထဲကပဲဖြစ်ဖြစ် မိတ်ဆွေတွေထဲကပဲဖြစ်ဖြစ် ကိုယ်အချစ်ရဆုံးသောသူတွေ ကွယ်လွန် သွားတဲ့အခါ ဝမ်းနည်းပူဆွေး ယူကျုံးမရဖြစ်တတ်ကြပါတယ်။

သူတို့နဲ့အတူတူ နောက်ထပ်တစ်ခါဆုံခွင့်ရပြီး မပြောဖြစ်လိုက်တဲ့ စကားလေးတွေကို သူသိအောင်ပြောချင်ကြမှာ အမှန်ပါပဲအဲဒီလို အ ဖြစ်မျိုးတွေထဲမှာမှ သားသမီးငယ်ငယ်လေးတွေကို အမှတ်မထင် ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ စိတ်ခံစားမှုက ဘယ်အရာနဲ့မှ နှိုင်းပြလို့မ ရအောင် နက်ရှိုင်းကြီးမားတယ်ဆိုတာ သေချာပါတယ်။ဒီလိုမျိုး ဝမ်းနည်းပူဆွေးမှုတွေကို တင်္ဂဖြေသိမ့်နိုင်ဖို့ Virtual Reality (VR) နည်းပ ညာက ကူညီပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်VR လို့ ဆိုတာက အခုခေတ်လူငယ်တွေနဲ့ မစိမ်းလှပါဘူး။

VR ကို တပ်ဆင်ပြီး ကွန်ပြူတာဂိမ်း ကစားတာ၊ ဇာတ်ကားတွေကို ရုပ်ရှင်ရုံကြီးထဲမှာ သွားကြည့်ရသလို ခံစားစေတဲ့ နေရာမှာ အသုံးပြု နေကြပါတယ်။ ဒီ VR ရဲ့ နည်းပညာကို အသုံးပြုပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မိမိချစ်ခင်ရသူတွေနဲ့ ပျော်စရာအချိန်လေးတွေကို စကားစ မြည်ပြောရင်း နောက်တစ်ကြိမ် တွေ့နိုင်ဖို့ အခွင့်အရေး ရှိလာပါပြီ။ Virtual World ကို ဖန်တီးခဲ့သူတွေက သူတို့သားအမိနှစ်ဦး ယခင်က သွားခဲ့ဖူးတဲ့ အမှတ်တရနေရာလေးတွေကိုပါ ထည့်သွင်းပုံဖော်ဖန်တီးထားတာကြောင့် Ji-sung ဟာ သမီးလေးနဲ့ အပြင်မှာ တစ်ကယ်ဆုံ နေရသလို ခံစားခဲ့ရပါတယ်။ VR ကနေ တစ်ဆင့် သမီးလေးရဲ့ မွေးနေ့ကို သားအမိနှစ်ဦး နောက်တစ်ကြိမ်အတူတူ ဆင်နွှဲနိုင်ခဲ့ပါတယ်။

Credit to Popolay

Add a Comment

Your email address will not be published. Required fields are marked *