ဂေဟာက သားလေးရဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ပုံလေးတွေကို ဝေမျှလာတဲ့ ခိုင်နှင်းဝေ

Posted on

မင်းသမီးခိုင်နှင်းဝေက ဂေဟာကသားတွေ သမီးတွေရဲ့ ချစ်စရာပုံလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ဂေဟာက သားလေးရဲ့ တဖြည်းဖြည်း အရွယ်ရောက်လာကာ ချစ်စရာအရမ်းကောင်းတဲ့ ပုံလေးတွေနဲ့အတူ ” ဒီ သားလေးကို ချစ်စနိုး နဲ့ အဖြူကောင် လို့ ခေါ်ကြပါတယ်..။

နာမည်လေး ပေးဘို့ကတော့ တွက်တုန်း ပါပဲရှင်..❤️” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း မိဘမဲ့ကလေးတွေကိုလည်း သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။

ဒါ့အပြင် အမြဲလိုလို ပရဟိတ အလုပ်တွေ ဆက်တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့ တကယ်လိုအပ်တဲ့နေရာတွေအပြင် ပကာသနတွေမပါဘဲ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ အလှူတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *