အခုအခါ မင်းသမီးချောလေးခင်လေးနွယ်က မေမြို့ကထင်းရှူးတောထဲမှာ ရိုက်ကူးထားခဲ့တဲ့ အမိုက်စားပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထပ်မံမျှဝေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးတွေထဲက ခင်လေးနွယ်ကို အခုချိန်ထိချစ်ခင်အားပေးကြတဲ့အတွက် ခင်လေးနွယ်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ပရိသတ်ကြီးရေ ခင်လေးနွယ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားမှုများစွာကို ရရှိပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုရပ်နားကာ သာမာန်လူတစ်ယောက်အနေနဲ့ဖြတ်သန်းနေခဲ့ပြီး ယနေ့ထိချစ်ခင်တဲ့ ပရိသတ်တွေကတော့ ရှိနေကြစဲပါ။
ခင်လေးနွယ်ကတော့ များသောအားဖြင့် ခရီးတွေကိုထွက်လေ့ရှိပြီး သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဓတ်ပုံလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ လတ်တလောမှာလည်း ခင်လေးနွယ်က ခရီးတွေထွက်နေခဲ့ပြီး ပုံလေးတွေကို တောက်လျှောက်ဆိုသလို မျှဝေဖော်ပြနေခဲ့ပါတယ်။