ညီမလေး“ပန်းသွန်းခြယ်ချယ်ကို သူမလိုပဲအားပေးကြဖို့ ပရိတ်သတ်ကို တောင်းဆိုလာတဲ့ အဆိုတော်မလေး“ပန်းရောင်ခြယ်”

Posted on

နာမည်ကြီးအဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ အကြီးတစ်ယောက်ပီပီ ညီမလေး အတွက် သူမတတ် နိုင်တဲ့အင်အားနဲ့ အများကြီး Support ပေးနေလျက် ရှိတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်ရဲ့ညီမလေး ပန်းသွန်းခြယ် သီချင်းလေးထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

အဆိုတော်ကြီး ဂရေဟမ်ကတော့ ချစ်စရာကောင်း တဲ့အပြင် သီချင်းဆို လည်းကောင်းတဲ့ သမီးချောနှစ်ယောက်ကို ပိုင်ဆိုင် ထားပြီး သမီးကြီးပန်းရောင်ခြယ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့အောင် မြင်နေပြီဖြစ်ပြီး သမီးငယ်လေး ပန်းသွန်းခြယ်ကတော့ အနုပညာအလုပ်ကို အခုမှစတင်လုပ်ကိုင်နေတာပါ။

မကြာခင်အချိန်အတွင်းမှာတော့ ပန်းသွန်းခြယ်ဟာ သူမရဲ့ကိုယ်ပိုင် သီချင်းသစ် “ကျန်ရစ်သူတမ်းချင်း” ဆိုတဲ့ သီချင်းလေးကို MV နဲ့တကွ ချပြတော့မှာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ သီချင်းသစ်ထွက်ရှိမယ့်ညီမလေးအတွက် “အရမ်းကြိုက်ရသော သီချင်း နဲ့ music video လေး မကြာမီ Pan Thun Chel 💛” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေငြာပေးလာခဲ့တာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *