ကမာၻ႔က်န္းမာေရးအဖြဲ႕ WHOက ကို႐ိုနာဗိုင္းရပ္စ္ကို နာမည္ေပးကင္ပြန္းတပ္ျပဳလုပ္ၿပီး ေၾကညာ

ကမာၻ႔က်န္းမာေရးအဖြဲ႕က စေနေန႔မွာေျပာၾကားခဲ့တာကေတာ့ တ႐ုတ္ႏိုင္ငံမွာ ေရာဂါျဖစ္ပြားမႈအသစ္ေတြ တည္ၿငိမ္ေနၿပီဆိုေပမယ့္ လည္း ဗိုင္းရပ္စ္ပိုးကိုထိန္းခ်ဳပ္ႏိုင္ၿပီလို႔ေျပာဖို႔ေတာ့ ေစာလြန္းေသးတယ္လို႔ ဆိုပါတယ္။ တနဂၤေႏြေန႔ညေနပိုင္းမွာ အဖြဲ႕အစည္းက ေရာဂါ ျဖစ္ပြားမႈအေပၚတုန႔္ျပန္ဖို႔ ညႇိႏႈိင္းေဆာင္႐ြက္အကူအညီေပးရန္ အျပည္ျပည္ဆိုင္ရာေရာဂါထိန္းခ်ဳပ္ေရးအဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့ပါတယ္။

အဆိုပါဗိုင္းရပ္စ္ကို ဟူေဘးျပည္နယ္၏ၿမိဳ႕ေတာ္ ဝူဟန္ၿမိဳ႕မွာစတင္ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ၁၁ သန္းေသာျပည္သူေတြဟာ ၿမိဳ႕ ထဲမွာ ရက္သတၱပတ္ေပါင္းမ်ားစြာပိတ္မိေနခဲ့ပါတယ္။ ၎ေရာဂါျဖစ္ပြားမႈကို ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕က ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္သစ္ရဲ႕ အမည္ကို ကိုဗစ္- 19 ( Covid-19 ) လို႔သတ္မွတ္လိုက္ၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က တရားဝင္ေျပာ ၾကားလိုက္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္အတြက္ က်ေနာ္တို႔ တရားဝင္အမည္ရပါၿပီ၊ အဲဒါကေတာ့ Covid-19″ ျဖစ္တယ္လို႔ WHO အႀကီး အကဲ တက္ဒ႐ိုစ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၀ ရက္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ စုစုေပါင္း ေသဆုံးသူ ၁,၀၁၆ ဦးအထိ ျမင့္တက္လာခဲ့ၿပီး အဲဒီေန႔ တရက္ တည္းတင္ ဟူေဘးျပည္နယ္မွာ ၁၀၃ ဦးနဲ႔ ေသဆုံးသူ စံခ်ိန္တင္ခဲ့ပါတယ္။ ေသဆုံးသူ ျမင့္တက္လာေပမယ့္ ႏိုင္ငံတဝန္း ထပ္မံကူးစက္ခံ ရသူ အေရအတြက္က အရင္ေန႔ကထက္ ၂၀ ရာခိုင္ႏႈန္းနီးပါး က်ဆင္းခဲ့ပါတယ္။

ႏိုင္ငံပိုင္သတင္းဌာန ေဖာ္ျပခ်က္အရ ဟူေဘးျပည္နယ္မွာ လူေပါင္းရာခ်ီၿပီး ရာထူးက ဖယ္ရွားတာေတြ၊ စုံစမ္းေရးလုပ္တာေတြနဲ႔ သတိေပးတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

REF: MYANMAR UPDATE NEWS

UNICODE

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ကိုရိုနာဗိုင်းရပ်စ်ကို နာမည်ပေးကင်ပွန်းတပ်ပြုလုပ်ပြီး ကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စနေနေ့မှာပြောကြားခဲ့တာကတော့ တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုအသစ်တွေ တည်ငြိမ်နေပြီဆိုပေမယ့် လည်း ဗိုင်းရပ်စ်ပိုးကိုထိန်းချုပ်နိုင်ပြီလို့ပြောဖို့တော့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းမှာ အဖွဲ့အစည်းက ရောဂါ ဖြစ်ပွားမှုအပေါ်တုန့်ပြန်ဖို့ ညှိနှိုင်းဆောင်ရွက်အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာရောဂါထိန်းချုပ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

အဆိုပါဗိုင်းရပ်စ်ကို ဟူဘေးပြည်နယ်၏မြို့တော် ဝူဟန်မြို့မှာစတင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ၁၁ သန်းသောပြည်သူတွေဟာ မြို့ ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာပိတ်မိနေခဲ့ပါတယ်။ ၎င်းရောဂါဖြစ်ပွားမှုကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ အမည်ကို ကိုဗစ်- 19 ( Covid-19 ) လို့သတ်မှတ်လိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရားဝင်ပြော ကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် ကျနော်တို့ တရားဝင်အမည်ရပါပြီ၊ အဲဒါကတော့ Covid-19″ ဖြစ်တယ်လို့ WHO အကြီး အကဲ တက်ဒရိုစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူ ၁,၀၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီး အဲဒီနေ့ တရက် တည်းတင် ဟူဘေးပြည်နယ်မှာ ၁၀၃ ဦးနဲ့ သေဆုံးသူ စံချိန်တင်ခဲ့ပါတယ်။ သေဆုံးသူ မြင့်တက်လာပေမယ့် နိုင်ငံတဝန်း ထပ်မံကူးစက်ခံ ရသူ အရေအတွက်က အရင်နေ့ကထက် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းဌာန ဖော်ပြချက်အရ ဟူဘေးပြည်နယ်မှာ လူပေါင်းရာချီပြီး ရာထူးက ဖယ်ရှားတာတွေ၊ စုံစမ်းရေးလုပ်တာတွေနဲ့ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

REF:     MYANMAR  UPDATE  NEWS

Add a Comment

Your email address will not be published. Required fields are marked *