ခ်စ္သူမ်ားေန႔ အမွီ ရက္တို သင္တန္းဖြင့္ ဖို႔ စိတ္ကူးေန တဲ့ ဝင္းမင္းသန္း၏ ရည္႐ြယ္ခ်က္အေၾကာင္း

မၾကာခင္ မွာ ေရာက္လာမယ့္ ခ်စ္သူမ်ားေန႔အတြက္ ဝင္းမင္းသန္းက မိန္းကေလးေတြကို သတိေပးစကားေျပာၾကားခဲ့ၿပီး သတိေပးစကားေျပာၾကားခ်ိန္မွာ သုံးႏႈန္းခဲ့တဲ့ Krrrooot ဆိုတဲ့ စကားလုံးေလးဟာ လတ္တေလာ ပရိသတ္ေတြရဲ႕ၾကားမွာ ေရပန္းစားေနတဲ့ စကားလုံးေလးတစ္လုံးျဖစ္လာခဲ့ပါတယ္။ဒါေပမဲ့ ဝင္းမင္းသန္းေျပာသလိုေတာ့ တထပ္တည္းက်ေအာင္မေျပာႏိုင္ျဖစ္ေနခဲ့ၾကပါေသးတယ္။

ဝင္း မင္းသန္းကေတာ့ အခုလိုျဖစ္ေနတဲ့ အေပၚ “Krrrooot လို႔ အသံမထြက္တတ္ေသးသူမ်ား ဘာလင္တိုင္းအႀကိဳ ရက္တိုအျမန္သင္တန္းဖြင့္ေပးမည္။ ႀကိဳတင္စာရင္းေပးပါရန္”ဆိုၿပီး ရက္တိုသင္တန္းဖြင့္ေပးမယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန အ႐ႊန္းေဖာက္စေနာက္ေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။Celegabar ပရိသတ္ႀကီးေရ ပရိသတ္ႀကီးေတြထဲမွာေရာ အပ်ိဳႀကီးရဲ႕ Glow Nation အဖြဲ႕ဝင္ျဖစ္ၿပီး သင္တန္းတက္ခ်င္တဲ့ သူေတြရွိရင္ ျမန္ျမန္စာရင္းေပးလိုက္ေတာ့ေနာ္။

Beauty Blogger တစ္ေယာက္အေန နဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာကို ရရွိထားတဲ့ ဝင္းမင္းသန္းကေတာ့ လတ္တေလာမွာ သူ႔ရဲ႕ ပြင့္လင္းလွတဲ့ အေျပာေလးေတြေၾကာင့္ ပရိသတ္ေတြက ေတာ္ေတာ္ေလးကိုသေဘာေတြက်ေနခဲ့ၾကပါေသးတယ္။အမ်ိဳးသမီးထုႀကီးဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးတတ္တဲ့ အပ်ိဳႀကီးဝင္းမင္းသန္းကိုေတာ့ မ်ားေသာအားျဖင့္ မိန္းကေလးထုႀကီးကပိုမိုသေဘာက်ႏွစ္သက္ၾကတာလည္း ျဖစ္ပါတယ္။

Chilli – CeleGabar
Source – Win Min Than

UNICODE

ချစ်သူများနေ့ အမှီ ရက်တို သင်တန်းဖွင့် ဖို့ စိတ်ကူးနေ တဲ့ ဝင်းမင်းသန်း၏ ရည်ရွယ်ချက်အကြောင်း

မကြာခင် မှာ ရောက်လာမယ့် ချစ်သူများနေ့အတွက် ဝင်းမင်းသန်းက မိန်းကလေးတွေကို သတိပေးစကားပြောကြားခဲ့ပြီး သတိပေးစကားပြောကြားချိန်မှာ သုံးနှုန်းခဲ့တဲ့ Krrrooot ဆိုတဲ့ စကားလုံးလေးဟာ လတ်တလော ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားနေတဲ့ စကားလုံးလေးတစ်လုံးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဝင်းမင်းသန်းပြောသလိုတော့ တထပ်တည်းကျအောင်မပြောနိုင်ဖြစ်နေခဲ့ကြပါသေးတယ်။

ဝင်း မင်းသန်းကတော့ အခုလိုဖြစ်နေတဲ့ အပေါ် “Krrrooot လို့ အသံမထွက်တတ်သေးသူများ ဘာလင်တိုင်းအကြို ရက်တိုအမြန်သင်တန်းဖွင့်ပေးမည်။ ကြိုတင်စာရင်းပေးပါရန်”ဆိုပြီး ရက်တိုသင်တန်းဖွင့်ပေးမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အရွှန်းဖောက်စနောက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။Celegabar ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေထဲမှာရော အပျိုကြီးရဲ့ Glow Nation အဖွဲ့ဝင်ဖြစ်ပြီး သင်တန်းတက်ချင်တဲ့ သူတွေရှိရင် မြန်မြန်စာရင်းပေးလိုက်တော့နော်။

Beauty Blogger တစ်ယောက်အနေ နဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ ဝင်းမင်းသန်းကတော့ လတ်တလောမှာ သူ့ရဲ့ ပွင့်လင်းလှတဲ့ အပြောလေးတွေကြောင့် ပရိသတ်တွေက တော်တော်လေးကိုသဘောတွေကျနေခဲ့ကြပါသေးတယ်။အမျိုးသမီးထုကြီးဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့ အပျိုကြီးဝင်းမင်းသန်းကိုတော့ များသောအားဖြင့် မိန်းကလေးထုကြီးကပိုမိုသဘောကျနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။

Chilli – CeleGabar
Source – Win Min Than

Add a Comment

Your email address will not be published. Required fields are marked *