အခပြမယ့် ဗီဒီယိုလေးကတော့ ချစ်သူများနေ့မှာ ချစ်သူမထားဘဲ ချောကလတ်စားရတဲ့ နည်းလမ်းလေးကို မင်းသားချောလင်းအောင်ခေတ်က မျှဝေထားခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ပရိ သတ်ကြီးတွေထဲက ချစ်သူရည်းစာမရှိသေးတဲ့ FA ပရိသတ်ကြီးတွေ လင်းအောင်ခေတ်ရဲ့ နည်းလေးကိုလိုက်လုပ်ကြည့်ကြပါနော်။
ပရိသတ်ကြီးရေ လင်းအောင်ခေတ်ကတော့ သရုပ်ဆောင် မော်ဒယ်လ် မင်းသားတစ်လက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ယောက်ျားပီသလှပြီး ဆွဲဆောင်မှုအပြည့်ရှိလှတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်တစ်ယောက်လည်း ဖြစ်ပါသေးတယ်။
လင်းအောင်ခေတ်ကတော့ လတ်တလောမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာကနေ ဟာသဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် ဖျော် ဖြေတင်ဆက်ပေးနေခဲ့ပါသေးတယ်။ မနေ့ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မကြာခင်မှာကျရောက်လာမယ့် ချစ်သူများနေ့အတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို ဖော်ပြလာခဲ့ပါတယ်။