ဒီနေ့မှာတော့ မင်းသမီးလေးဇင်ဇင်ဇော်မြင့်က ပေါ့ပေါ့ပါးပါး ဖက်ရှင်လေး နဲ့ ဆယ်ကျော် သက်လေးလို ချစ်ဖို့ကောင်းနေတဲ့ပုံလေးတွေ တင်ပေးလာတာဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့်က ချစ်သေးရဲ့လား ဒီလို ပေါ့ပေါ့ပါးပါး fashion design မျိုး လေးနဲ့ ဆိုရင်ရော ဆိုပြီး မေးလာပြီး ပုံလေးတွေ တင်ပေး ထားတာဖြစ်ပါတယ်။
မင်းသမီးဇင်ဇင်ဇော်မြင့် ကတော့ တစ်ချိန်က VCD တစ်ခေတ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပြီး ဒီနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။
ဇင်ဇင်ဇော်မြင့်က အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားတာကြာပြီ ဖြစ်ပေမယ့် လက်ရှိမှာတော့ ကြောငြာတွေနဲ့ စိန်ရွှေရတနာ live sale လည်း ပြုလုပ်နေပြီဖြစ်ပါတယ်။