အဆိုတော်မလေးပိုပိုက သူမရဲ့ တစ်နေ့တာ ပျော်ရွှင်စွာ ဖြတ်သန်းပုံလေးတွေကို ပုံလေးတွေနဲ့ တကွ ” ပိုလေ တစ်နေ့တစ်နေ့စာတွေဖတ်မယ် သီချင်းတွေရေးမယ် ပန်းတွေ စိုက်မယ် ကိုယ်ပျော်တဲ့ အရပ်မှာပဲနေမယ် မနာလိုသူတွေ ကိုယ့်ကို နားမလည်ပေးနိုင်တဲ့သူတွေနဲ့ ဝေးဝေးရှောင်မယ် 😖 စိတ် ကောင်းထားမယ် 🤩။
ကိုယ့်ကို ချစ်တဲ့သူတွေရှိတဲ့ အရပ်ဟာ ကိုယ့်ကမ္ဘာ 😍🥰” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။ပိုပိုကတော့ ကိုယ်ပိုင်သံ စဉ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှု ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို။
သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေပါတယ် ။ပိုပိုက အခုလက်ရှိပရိသတ်တွေ နားထောင်နိုင်ရန် သူမရဲ့သီချင်းသစ်တွေအတွက် အစွမ်းကုန် ကြိုးစား နေတာလည်းဖြစ်ပါတယ်။