မင်းသမီးချောလေးခိုင်နှင်းဝေက ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခိုင်နှင်းဝေ အိမ်နီးချင်းနဲ့ မတရားပြုကျင့်ခံရတဲ့ အသက် (၁၁)အရွယ် သမီးငယ်လေးတစ်ယောက်ထံသွားရောက်ပြီး ကူညီမှုတွေပြုခဲ့ကြောင်းသူ့ရဲ့လူမှုကွန် ရက်ကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။မတရား ပြုကျင့်ခံရတဲ့ အသက် (၁၁) နှစ် အရွယ် (၂) တန်းကျောင်းသူ သမီးလေး ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ပညာရေး များ တာဝန်ယူ စောင့်ရှောက်ပေးဘို့ သွားဖြစ်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ လူမမယ်ကလေးငယ်တွေအတွက် ဂေ ဟာလေးဖွင့်ကာ မိခင်ရင်းသဖွယ်စောင့်ရှောက်နေတာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရတဲ့သူပါ။ ပရဟိတအလုပ်တွေကိုလည်း သူကိုယ်တိုင် လိုက်လံဆောင်ရွက်ပြုလုပ်နေတာကြောင့် တကယ်ကို ချီးကျူးထိုက်တဲ့သူတစ်ယောက်ပါပဲ။
အကူအညီတောင်းခံသော သမီးလေး အတွက် ငွေကျပ် (၁၀) သိန်းလှုပေးခဲ့ပြီး လိုအပ်တာများ စီစဉ်ပေးခဲ့ပါတယ်ရှင်” ဆိုပြီး အခုလိုပဲရေးသားမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ တကယ်ကိုပဲ ချီးကျူးထိုက်တဲ့အထိ စိတ်ထားမွန်မြတ်လှတဲ့သူပါပဲနော်။