အိမ်ထောင်ကျသွားပြီမို့ ဈေးဗန်းခင်းတာ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရေးဖွဲ့ထားတဲ့မိစန္ဒီရဲ့ သီချင်းသစ်လေး

Posted on

အဆိုတော်မလေး မိစန္ဒီကတော့ သီချင်းလေးကို စရေးဖြစ်တုန်းက သူ့ရဲ့ အမျိုးသားကို wedding dinner မှာ surprise လုပ်ပြီး ဆိုပြဖို့ အတွက် ရည်ရွယ်ပြီးရေးဖြစ်ခဲ့တာဖြစ်ပြီး အခုofficial MTV လေးထွက်လာချိန်မှာတော့ wedding dinner က အမှတ်တရ ပုံရိပ်လေတွေနဲ့ သီချင်းရဲ့ MTV လေးကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော်လောကမှာ အောင်မြင်တဲ့ Rapper အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ မိစန္ဒီကတော့ မကြာသေးခင်က သူ့ရဲ့ချစ်သူလေးနဲ့လက်ထပ်လိုက်တာပရိသတ်တွေလည်းသိရှိပြီးသားဖြစ်မှာပါနော်။ မိစန္ဒီရဲ့မင်္ဂလာသတင်းလေးကြောင့် ပရိသတ်တွေကပါ ဝမ်းသာနေခဲ့ရပါသေးတယ်။

အသဲကွဲသီချင်းတွေကို များစွာရေးဖွဲ့ခဲ့ပြီး ဈေးဗန်းတွေခင်းခဲ့တဲ့ မိစန္ဒီကတော့ ချစ်ခင်ပွန်းနဲ့လက်ထပ်ပြီးနောက် အရင်ကခင်းခဲ့တဲ့ ဈေးဗန်းကို သိမ်းလိုက်ရပြီဖြစ်ကြောင်း သီချင်းလေးတစ်ပုဒ်နဲ့ အသိပေးခဲ့ပြီး မနေ့ကဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာတော့ မိစန္ဒီရဲ့ “ဈေးဗန်းသိမ်းပြီ” သီချင်းလေးကထွက်ရှိလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *