“မိုးမိုးအေး” ကို ဝက်ဝက်ကွဲအားပေးခဲ့တဲ့ မန္တလေးကပရိသတ်ဆီသွားပြီး စပရိုက်လုပ်ခဲ့တဲ့ “ပိုးကြာဖြူခင်”

Posted on

ပိုးကြာဖြူခင်ကတော့ သူမကို ချစ်လို့ခင်လို့ အချိန်ကုန်ခံအားပေးတဲ့ ပရိ သတ်အန်တီကို လေးလေးစားစားတွေ့ဆုံပြီး Surprise တိုက်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲမှာလည်း သူမရဲ့ ဆိုင်းမိုင် ဆိုတဲ့ ကာရိုက်တာနဲ့ အကြီးအကျယ် အောင်မြင်ခဲ့သလို ပြီးခဲ့တဲ့လတွေက ထုတ်လွှင့် ပြသခဲ့တဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲက မိုးမိုးအေး ကာရိုက်တာနဲ့လည်း တစ်နိုင်ငံလုံးက အားပေးခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ပိုးကြာဖြူခင် ပရိ သတ်တွေကို လေးစားသူဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထား တတ်သူဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ပိုးကြာဖြူခင်က မန္တလေးရောက်ခိုက် သူမရဲ့ မိုးမိုးအေး ကာရိုက်တာကို နှစ်နှစ်ကာကာအားပေးတဲ့ ပရိသတ်အန်တီ တစ်ယောက်ကို အိမ်တိုင်ရာ ရောက်သွားပြီး Surprise တိုက်ခဲ့တာကို အခုလိုမျိုးပဲတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *